မန္တလေးအိမ်ခြံမြေငှားရမ်းခဈေး ထပ်တက်သဖြင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်များ အခက်တွေ့
မန္တလေးအိမ်ခြံမြေငှားရမ်းခဈေး ထပ်တက်သဖြင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်များ အခက်တွေ့
အောက်တိုဘာ ( ၂၂ )
Myanmar Property Dealer
သီတင်းကျွတ်အပြီးအနောက်ပိုင်း၊
မန္တလေးအိမ်ခြံမြေငှားရမ်းခဈေး
ထပ်တက်သွားသဖြင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူများ၊
အခက်တွေ့နေကြတယ်လို့သတင်းရရှိပါတယ်။
စစ်ဘေးရှောင်ပြည်သူများအလုံးအရင်းဖြင့်ဝင်ရောက်လာကတည်းက၊
အငှားစျေးမှ တစ်ဆမကခုန် တက်သွားရာကနေ သီတင်းကျွတ်အပြီးနောက်ပိုင်း
ထပ်မံမြင့်တက်သွားတာဖြစ်တယ်လို့လည်း
ဒေသတွင်းအိမ်ခြံမြေသတင်းများက
ဆိုပါတယ်။
“ကျွန်တော်တို့စစ်ဘေးရှောင်တွေ
အလုံးအရင်းနဲ့ရောက်လာတော့
အငှားဈေးကိုပုံမှန်ထက်တစ်ဆ
လောက်တင်လိုက်တာသတိထားမိတယ်၊
ဥပမာဗျာ၊ နှစ်သိန်းနဲ့ငှားနေတာကနေ သုံးသိန်း၊ သုံးသိန်းခွဲဆိုပြီး ဈေးထပ်တင်လိုက်တယ်၊ ဝါမဝင်ခင်က သုံးသိန်းတန်အိမ်အငှားတစ်လုံးက၊
အခုလက်ရှိ သုံးသိန်းခွဲနဲ့ လေးသိန်းကြား ကို ဈေးထိုးတက်သွားတယ်၊ ငါးသိန်းတန်က ခြောက်သိန်း၊ တတ်နိုင်လို့တော့မဟုတ်ဘူး၊ အိမ်ပြန်မရလို့တာ ငှားနေနေရတာ” ဟု မန္တလေးမြို့ရောက်ကျောက်မဲဒေသခံစစ်ဘေး ရှောင် တစ်ဦးကပြောပါတယ်။
အိမ်ခြံမြေငှားရမ်းခဈေးထပ်တက်သွားသဖြင့်
အခက်အခဲဖြစ်နေကြသူများထဲတွင်
ငလျင်ဒဏ်သင့်ပြည်သူများလည်း ပါဝင်ကြပြီး
ထိုအထဲကမှအချို့က ငှားရမ်းခဈေးမတက်နိုင်သဖြင့်
မြို့နှင့်အနည်းငယ် လှမ်းတဲ့ အရပ်ဒေသများတွင်၊ သွားရောက်ငှားရမ်းနေထိုင်နေရတယ်လို့လည်း
သိရပါတယ်။
မန္တလေးအိမ်ခြံမြေငှားရမ်းခဈေးနှုန်းနှင့်ပတ်သက်ပြီး
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက၊ တစ်လငှားရမ်းခတစ် သိန်းခွဲ ကျပ်၀န်းကျင်ဈေးရှိခဲ့တဲ့ ပေ
၂၀၊ ပေ ၄၀ ဆောက်ထားတဲ့နှစ်ထပ်နံရံကပ်အိမ်တစ်လုံးက
စစ် ဘေးရှောင်ပြည်သူများ အလုံးအရင်းဖြင့်ဝင်ရောက်လာတဲ့ နောက်ပိုင်း၊
သုံးသိန်းခွဲကျပ်မှငါးသိန်းကျပ်၀န်းကျင်အထိ
ဈေးထိုးတက်သွားတယ်လို့လည်းသိရပါတယ်။