Home  / News  / News Details

သတင်း အသေးစိတ်

ကယားပြည်နယ် လွိုင်ကော်စက်မှုဇုန် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေတယ်လို့သိရ

Aug 8, 2025  /

ကယားပြည်နယ် လွိုင်ကော်စက်မှုဇုန် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေတယ်လို့သိရ

ဩဂုတ်လ ( ၈)ရက်။

Myanmar Property Dealer


ကယားပြည်နယ်အတွင်း နယ်မြေဒေသ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီး ဖြစ်တဲ့အတွက် လွိုင်ကော်စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်တယ်လို့သိရပါတယ်။

လွိုင်ကော်စက်မှုဇုန်ရှိ စက်မှုဇုန်လုပ်ငန်းများ မှတ်ပုံတင်ထားရှိမှု၊ စက်မှုဇုန်အတွင်း ကတ္တရာလမ်းအကောင်အထည်ဖော်ဆောင်ရွက်မှု၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းပေးရန် လိုအပ်မှု၊ ထရန်စဖော်မာများ တပ်ဆင်ပေးမည့်အခြေအနေနှင့် လုပ်ငန်းများစတင်ရန် ပြင်ဆင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် တာဝန်ရှိသူများမှ စက်မှုဇုန်အတွင်း စက်ရုံအလုပ်ရုံများ ထိခိုက်ပျက်စီးခဲ့မှုနှင့် လုပ်ငန်းများစတင်ဆောင်ရွက်ရန် ပြင်ဆင်နေမှု၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာအသုံးပြုနိုင်ရန် ဆောင်ရွက်ထားတဲ့ ၃၃ ကေဗွီ ဓာတ်အားခွဲရုံထိန်းချုပ်ခန်းနှင့် Switch Yard များ ထိခိုက်ပျက်စီးမှု၊ ပြန်လည်ပြုပြင်ရန်လိုအပ်တဲ့အခြေအနေ၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ၊ အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ယာဉ်ရပ်နားစခန်း အမြန်ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့တယ်လို့လည်းသိရပါတယ်။

ယခင်နယ်မြျေအေးချမ်းတည်ငြိမ်မှုရှိစဉ်အချိန်က လွိုင်ကော်စက်မှုဇုန်အတွင်း စက်ရုံပေါင်း ၄၀ဖြင့်လည်ပတ်လျက်ရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။