ထိုင်းနိင်ငံမှာမြေကျူးကျော်မှုနဲ့ တောရဘုန်းကြီးကျောင်း စစ်ဆေးခံနေရ
ထိုင်းနိုင်ငံ၊ စာရာဘူရီခရိုင် (Saraburi)၊ မောက်လက်မြို့နယ် (Muak Lek) ရှိ ဝပ်ပါချနာဂျိုင် (Wat Pa Chana Jai)တောရကျောင်းတိုက်ဟာ စိုက်ပျိုးရေးမြေပြုပြင်ပြောင်းလဲရေးရုံး (ALRO) မှ ဆင်းရဲသားတောင်သူများအတွက် သီးသန့်ချထားပေးတဲ့ စောပေါ်ကော (Sor Por Kor) မြေရိုင်းဧရိယာ ရိုင်ပေါင်း ၂,၀၀၀ ကျော် (ဧက ၈၀၀ ခန့်) ကို ကျူးကျော် သိမ်းပိုက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးမှုများ ရင်ဆိုင်နေရပါတယ်။
ကျောင်းတိုက်ဟာ အဆိုပါမြေပေါ်တွင်
အာရိယကျေးရွာ "Ariya
Village" ဟုခေါ်တဲ့ လူနေအိမ်ရာများ ဆောက်လုပ်ပြီး တရားအားထုတ်မယ့် နောက်လိုက်များကို တစ်ဆောင်လျှင် ဘတ် ၅ သိန်း ဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း စွပ်စွဲခံထားရတာဖြစ်ပြီးလည်းကောင်းမြေအမျိုးအစားမှာ ဥပဒေအရ ရောင်းချခြင်း၊ ပေါင်နှံခြင်း လုံးဝပြုလုပ်ခွင့်မရှိဘဲ စိုက်ပျိုးရေးအတွက်သာ အသုံးပြုရတဲ့မြေအမျိုးအစားပဲဖြစ်ပါတယ်။
ဒါ့အပြင် စီးပွားရေးဆန်တဲ့လှုပ်ရှားမှုများ:အဖြစ် အဆိုပါနယ်မြေအတွင်း ဖျော်ဖြေပွဲများ ကျင်းပခြင်းနှင့် တောင်ထိပ်ပေါ်တွင် ရှုခင်းကြည့်နေရာ (viewpoint) များ ဖော်ဆောင်ကာ စီးပွားရေးဆန်ဆန် အသုံးချနေတာကိုတွေ့ရှိရတယ်လို့လည်း အာဏာပိုင်များက ဆိုပါတယ်။
အခုလိုဖြစ်ပွားသွားတဲ့အမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ဘာသာရေးအဖွဲ့အစည်းနဲ့ မြေယာဥပဒေ ဆိုင်ရာ ပြဿနာအကြီးစားတစ်ခုအဖြစ် အများပြည်သူ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။