ယခုနှစ်မကုန်မီ တိုက်တစ်လုံးအပြီး
ဆောက်လုပ်သွားမယ်ဆိုတဲ့လူရွင်တော်ရွာစီမံကိန်း
အောက်တိုဘာ (၁၇)ရက်။
Myanmar Property Dealer
နေထိုင်စရာအခက်အခဲဖြစ်နေတဲ့ လူရွှင်တော်များအတွက် နေအိမ်ဆောက်လုပ်ပေးမဲ့ လူရွှင်တော်ရွာစီမံကိန်း ကို အောက်တိုဘာလ ၁၁ ရက်နေ့က စတင် ပန္နက်ရိုက်ခဲ့ကြကြောင်း သိရပါတယ်။နေထိုင်စရာအခက်အခဲဖြစ်နေတဲ့ လူရွှင်တော်များအတွက် နေအိမ်ဆောက်လုပ်ပေးမဲ့ လူရွှင်တော်ရွာစီမံကိန်း ကို အောက်တိုဘာလ ၁၁ ရက်နေ့က စတင် ပန္နက်ရိုက်ခဲ့ကြကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊အမှတ်(၄၈) ရပ်ကွက်ရှိ မြေ(၅) ဧကပေါ်တွင် လူရွှင်တော်များနေထိုင်ရန်အတွက်
တိုက်ခန်းများ
တည်ဆောက်သွားမှာဖြစ်ပြီး
ယခုနှစ်မကုန်မီ
တိုက်တစ်လုံးအပြီး
ဆောက်လုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
အဆိုပါ လူရွှင်တော်ရွာစီမံကိန်းကို ရန်ကုန်တိုင်း
ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်
ဟာသပညာရှင်များ
ရွာတည်ရန်အတွက်
မြေ ၅ ဧက ခွင့်ပြုချထားပေးပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း
ငွေကျပ်သိန်း
၁၀၀၀ မတည် ပေးထားကြောင်း
သိရပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဝင်(၁ဝဝဝ)ကျော်ပြီရှိပြီး
ကန်တော့ခံ သက်ကြီး လူရွှင်တော်
(၁၆ဝ)ခန့်ရှိတယ်လို့လည်းသိရပါတယ်။