Home  / News  / News Details

သတင်း အသေးစိတ်

Yangon Amata မြို့သစ်စီမံကိန်း ကိုဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်သွားမယ် လို့သိရ

Mar 1, 2024  /

Yangon Amata မြို့သစ်စီမံကိန်း ကိုဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်သွားမယ် လို့သိရ
မတ် (၁) ရက်
Yangon Amata မြို့သစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်‌သွားမယ်လို့သိရပြီး၊ရန်ကုန်တိုင်းအတွင်းက မင်္ဂလာဒုံစက်မှုဥယျာဉ်စီမံကိန်း၊ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း၊ နိုင်ငံတကာအဆင့်မီ ပန်းလှိုင်ဂေါက်ကွင်းနဲ့ အဆင့်မြင့် အိမ်ရာစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Yangon Amata မြို့သစ်စီမံကိန်း ကိုထိုင်းနိုင်ငံအခြေစိုက် Amata Corporation PCL နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူဖော်ဆောင်မယ့်စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။
ဒီစီမံကိန်းရဲ့ ကနဦးရင်းနှီးမြှုပ်နှံမှု မှာ အမေရိကန်ဒေါ်လာသန်း (၂၇၀) ကျော် အသုံးပြုမှာဖြစ်ပြီး၊ဒီစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရှယ်ယာ (၂၀) ရာခိုင်နှုန်းနဲ့ Amata Corporation PCL လက်အောက်ခံ Amata Asia (Myanmar) Limited က ရှယ်ယာ (၈၀) ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာပြီးလက်ရှိစီမံကိန်းတွေထဲမှာ ပါဝင်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ရေသန့်စင်စက်ရုံကို စတင်ဆောက်လုပ်နေတယ်လိုသိရပါတယ်။
Yangon Amata မြို့သစ်စီမံကိန်း ကိုယခင် အစိုးရလက်ထက်ကဒဂုံမြို့သစ်အရှေ့ပိုင်းက မြေဧက (၂,၀၀၀) ပေါ်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ လ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်နောက်ပိုင်း ယာယီရပ်နားမယ်လို့ တရားဝင်ကြေညာခဲ့တဲ့ စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။