မင်္ဂလာဈေးသစ်တည်ဆောက်မှု (၈၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်
စက်တင်ဘာ (၁၇)ရက်
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ တည်ဆောက်နေသော အဆင့်မြင့်မင်္ဂလာဈေးသစ်တည်ဆောက်နေမှုသည် လက်ရှိတွင် (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ တည်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ သိရပါတယ်။
အဆိုပါ အဆင့်မြင့်မင်္ဂလာဈေးသစ်တည်ဆောက်နေမှုကို ယခုနှစ်ကုန်ပိုင်းမှာ ပြီးစီးဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
" အပေါ်သုံးထပ်လောက်ပဲကျန်တော့တယ်။ ဒီနှစ်ကုန်လောက်တော့ ပြီးမှာပါ။ ဆိုင်ခန်းတွေကိုတော့ အရင်မူလပိုင်ရှင်တွေကိုပဲပြန်ပေးမလား၊ ပြန်ရောင်းချမလားဆိုတာတော့မသိသေးဘူး" လို့ လုပ်ငန်းခွင်တာဝန်ကျ စည်ပင်ဝန်ထမ်းတစ်ဦးကပြောပါတယ်။
အဆင့်မြင့်မင်္ဂလာဈေးသစ်ကို မြေအောက်ထပ်(၂)ထပ် အပါအဝင် အထပ်မြင့်(၁၅)ထပ်ပါရှိပြီး ပထမအဆင့် ဆိုင်ခန်းများအဖြစ် ဆိုင်ခန်းပေါင်း (၄၀၆၅) ခန်းပါရှိသော မြေညီထပ်မှ အထပ်မြင့် (၄)ထပ်အထိ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်တာဖြစ်ပါတယ်။
စည်ပင်သာယာရေးကော်မတီကိုအပ်နှံမည့် ဆိုင်ခန်းများမှာ ၅ ပေပတ်လည်နှင့်ဒုတိယအဆင့်အပိုင်းဖြစ်တဲ့ အထပ်မြင့်များမှာ ၁၀ ပေပတ်လည်ကျယ်ဝန်းပြီး စက်လှေကား အစင်း ၂၀ ပါရှိကာ ကားပါကင် ၇၅ဝ ထားရှိထားတယ်လို့ သိရပါတယ်။
ယင်းဈေးသစ်ဆောက်လုပ်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေးဖြစ်စဉ်ကြောင့် ရပ်နားထားခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်စတင်နိုင်ခဲ့တာဖြစ်ပါအဆင့်မြင့်မင်္ဂလာဈေးသစ်တွင် အထပ်ပေါင်း ၁၇ ထပ်၊ ကားပါကင် ၂ ထပ်၊ စားသောက်ဆိုင်၊ ဘဏ် နှင့် Super Market ၊ ဈေးဆိုင်ခန်းများ၊ ကားပစ္စည်းများ၊ ဂိုဒေါင်များ၊ ရုံးခန်းများနဲ့ ရုပ်ရှင်ရုံလည်း ပါဝင်တယ်လို့ သိရပါတယ်။