တောင်ကြီးအိမ်ခြံမြေစျေးကွက်အေးသာယာဘက်ခြမ်းမှာအငှားသွက်နေ။
သြဂုတ်
( 31 )ရက်။
Myanmar
Property Dealer
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုး၊ကျောက်မဲမြို့တွေမှာတိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူများက လုံခြုံစိတ်ချ ရနိုင်တယ်လို့ယူဆကြတဲ့တောင်ကြီးမြို့
ကိုစစ်ဘေးရှောင်လာကြတယ်လို့သိရပါတယ်။
ဒါကြောင့်
စစ်ဘေးရှောင်ပြည်သူတွေများလာတဲ့ တောင်ကြီးမြို့ရဲ့အိမ်ခြံမြေစျေးကွက်ဟာဆိုရင်လည်း အရာင်းအဝယ်ထက်
သင့်တင့်သောစျေးနှုန်းရှိတဲ့ အိမ်ငှားလေးတွေများလာတယ်လို့ သိရပါတယ်။
‘’ငွေကြေးချမ်းသာတဲ့တစ်ချို့သူတွေကတော့
တောင်ကြီးမြို့ပေါ်မှာ အဝယ်ရှိကြပြီး တစ်ချို့သောပြည်သူတွေကတော့ စျေးနှုန်းသက်သာတဲ့အေးသာယာရပ်ကွက်တွေမှာပြောင်းရွှေ့
ငှားရမ်းကြပါတယ်။ လက်ရှိတောင်ကြီးမြို့ပေါ် ရှိတဲ့ အိမ်ငှားစျေးနှုန်းတွေကတော့ သုံးသိန်းခွဲဝန်းကျင်ကနေလေးသိန်းခွဲအထက်ထိရှိပြီး
အေးသာယာရပ်ကွက်မှာဆိုရင်တော့ နှစ်သိန်းခွဲဝန်းကျင်နှင့်အထက်နေရှိတယ်လို့ ‘’တောင်ကြီးမြို့ရှိ
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးထံမှ သိရပါတယ်။
သည့်အပြင်တောင်ကြီးမြို့သို့
လားရှိုးမြို့မှ စစ်ဘေး ရှောင်လာတဲ့သူဦးရေ ထောင်နှင့်ချီ ရောက်ရှိနေပြီး အိမ်ငှားရမ်းရာတွင်အခက်အခဲများ
ရှိနေတယ်လို့လည်းတောင်ကြီးမြို့ ရှိဒေသခံများထံမှ သိရပါတယ်။