Home  / News  / News Details

သတင်း အသေးစိတ်

ပြည်သူ့အငှားအိမ်ရာများတွင် အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်လိုသူများအတွက်တင်ဒါခေါ်ယူ

Jun 17, 2023  /

ပြည်သူ့အငှားအိမ်ရာများတွင် အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်လိုသူများအတွက်တင်ဒါခေါ်ယူ

ဇွန်လ (၁၇)ရက်

Myanmar Property Dealer

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့အငှားအိမ်ရာများတွင် အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်စိတ်ပါ၀င်စားသူ ပြည်တွင်းလုပ်ငန်းရှင်များကို နိုင်ငံပိုင်သတင်းစာများမှတဆင့် တင်ဒါခေါ်ယူထားကြောင်းသိရပါတယ်။

တင်ဒါလျှောက်လွှာများကို ဇွန်လ (၁၄)ရက်မှစတင်ပြီး(၂၈)ရက်နေ့အထိရောင်းချပေးသွားမှာဖြစ်ပြီး၊ တင်ဒါလျှောက်လွှာများကို ဇွန်လ (၂၉)ရက်နေ့၊ နေ့လည် ၁၅း၀၀ နာရီအထိသတ်မှတ်ထားကြောင်းသိရပါတယ်။

ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီးဒီစီမံကိန်း ထဲရှိ အခန်း ၁၀၀၀၀ မှာ ရန်ကုန်မှာ အခန်း ၆၃၀၀၊ နေပြည်တော်မှာ အခန်း ၇၀၀ နဲ့ မန္တလေးမှာ အခန်း ၃၀၀၀ ပါဝင်တာလည်းဖြစ်ပါတယ်။