Home  / News  / News Details

သတင်း အသေးစိတ်

စစ်ကြည့်ပါ

Sep 21, 2022  /

‘’ စစ်ကြည့်ကြပါ ‘’

 

 အိမ်မြံခြေအကျိုးဆောင်တစ်ယောက်အတွက်တော့ အရေးကြီးဆုံးကအဆက်အသွယ်ကောင်းတွေရယ်ပါ။ ဒီလို အဆက်အသွယ်ကောင်းတွေရဖို့ဆိုရင်လည်း မဖြစ်မနေအသုံးပြုရမှာက ဆက်သွယ်ရေးကွန်ရက်တစ်ခု ဖြစ်တဲ့ မိုဘိုင်းဖုန်း၊ပြီးတော့ SIM Card တစ်ခုပဲ ဖြစ် ပါတယ်။

တစ်ချို့ အကျိုးဆောင်တွေဆိုရင် လုပ်ငန်းလိုအပ်ချက်အရ မိုဘိုင်းဖုန်း SIM -Card တစ်ခုမက ကိုင်ဆောင် ထားကြရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ချက်တစ်စောင်ထွက်ရှိလာပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာတော့ လက်ရှိကိုင်ဆောင်ထားကြတဲ့ SIM Card တွေကိုမှတ်ပုံတင်ပြုလုပ်ရာမှာဖြည့်စွက် ထားတဲ့အမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ e-ID Database အချက်အလက်များဖြင့်တိုက်ဆိုင်စစ်ဆေး သွားမှာဖြစ်တယ် လို့သိရပါတယ်။

 

အကယ်၍ သုံးစွဲသူပြည်သူများအနေဖြင့်SIM-Card များဝယ်ယူအသုံးပြုရာမှာ မှတ်ပုံတင်မူရင်းထဲမှာပါရှိတဲ့ အမည် ၊နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကိုမှန်ကန်စွာဖြည့်စွတ် ပြီးစနစ်တကျမှတ်ပုံတင်ပြီးမှသာ အသုံးပြုကြဖို့ဖြစ်ပါတယ်။

 လက်ရှိအသုံးပြုနေတဲ့  SIM-Card တွေမှာ အချက်အလက်မှန်ကန်စွာ ဖြည့်စွတ်ထားခြင်း မရှိဘူးဆိုရင်တော့  SIM Card  များကို အပြီးပိတ်သိမ်းသွားမှာဖြစ်ပြီး၊ပိတ်သိမ်းလိုက်တဲ့ SIM Cardတွေမှာကျန်ရှိတဲ့ လက်ကျန်ငွေများကိုတော့ ပြည်သူ့ဘဏ္ဌာအဖြစ်သိမ်းဆည်းသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါကြောင့် ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်တဲ့ မိုဘိုင်းဖုန်း SIM Cardတွေ နှင့်ရောင်း၊ဝယ်၊ဌားလုပ်ကိုင်နေကြတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ အနေဖြင့် ကိုယ်အသုံးပြုနေတဲ့ ဆင်းကတ်တွေက မှတ်ပုံတင်ပြီးပြီလား၊ မှတ်ပုံတင်ထားတဲ့ဆင်း ကတ်အမည်ပေါက်တွေက လက်ရှိကိုယ်ကိုင်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေထဲက နာမည်နဲ့ကိုက် ညီမှုရှိရဲ့လား ၊စတာတွေကို စစ်ဆေးထားဖို့လိုပါမယ်။

 

အကယ်၍စစ်ဆေးခြင်တယ်ဆိုရင်တော့

MPT -          *601#

Ooredoo -  *666#

Telenor -   *979*3*3#

Mytel -      *966# , 6 , 2 ကိုခေါ်ဆိုပြီးစစ်ဆေးနိုင်ပါတယ်။

ဒီလိုမှမဟုတ်ရင်တော့ ဖုန်းဘေလ်ငွေလက်ကျန်ဆုံးရှုံးရတာထက် ကိုယ်အနှစ်နှစ်အလလက ဆက်သွယ် သိမ်းဆည်း မှတ်သားထားတဲ့ ဖုန်းနံပါတ်တွေဆုံးရှုံးသွားရင်ဖြင့်အရမ်းကိုနစ်နာလှပါတယ်။ဒါကြောင့် ကိုယ့်ရဲ့ဖုန်း ဆင်းကတ်တွေကိုအခုပဲ စစ်ဆေးကြည့်လိုက်ပါ။

#Myanmar Property Dealer