တနင်္သာရီတိုင်း၊
မြိတ်မြို့နယ် အတွင်းရှိ စုစုပေါင်းမြေဧရိယာ ၇၃၈ ဒသမ ၁၉ ဧကပေါ်မှာ
အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးနှင့် စက်မှုဇုန် စီမံကိန်းအကောင်အထည်ဖော်ရန်တင်ပြထား။
ဒီဇင်ဘာ (၂၃)ရက်။
Myanmar Property Dealer
တနင်္သာရီတိုင်းဒေသကြီး၊
မြိတ်မြို့နယ် စန္ဒ၀တ်ကျေးရွာအုပ်စုအတွင်းရှိ စုစုပေါင်းမြေဧရိယာ ၇၃၈ဒသမ ၁၉ ဧကပေါ်မှာအပြည်ပြည်ဆိုင်ရာ
ငါးလေလံစျေးနှင့် စက်မှုဇုန်တို့အား အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ပြုပါရန်
မြိတ်ကော်ပိုရေးရှင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တင်ပြလာမှုအပေါ်
တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြခဲ့ရာ အမှာစာအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက
သဘောတူခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ရက်နေ့က
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ကော်ပိုရေးရှင်း
အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့အကြားမြိတ်မြို့နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ
ငါးလေလံစျေးနှင့် စက်မှုဇုန်စီမံကိန်းအတွက်ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိလေ့လာဆန်းစစ်ဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ
Feasibility Study (F.S)(MoU) အား လက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရပါတယ်။
၂၀၁၉-၂၀၂၀ ခုနှစ်မှာ တနင်္သာရီတိုင်းဒေသကြီး အနေနှင့်
ရေထွက်ကုန်ပစ္စည်း တန်ချိန် ၃ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ
၃၄၇ ဒသမ ၅၁ သန်း ရရှိခဲ့ကြောင်းငါးလုပ်ငန်း ဦးစီးဌာနမှ သိရပြီး
ယခုအကောင်အထည်ဖာ်မယ့် နိုင်ငံတကာ အဆင့်မီ ငါးလေလံဈေးကြီးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက ထိုင်းနိုင်ငံ ရေလုပ်ငန်း
ကဏ္ဍများတွင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများ ကိုယ့်နိုင်ငံသို့ပြန်လာပြီးလုပ်ကိုင်နိုင်ကြမှာဖြစ်ပြီး ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး
လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာခြင်းမတဲ့အကျိုးကျေးဇူးများ ပိုမိုရရှိနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။