Home  / News  / News Details

သတင်း အသေးစိတ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ လျောက်ထားသူ ၄ သိန်းကျော်ရှိ

Feb 26, 2025  /

 ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ လျောက်ထားသူ ၄ သိန်းကျော်ရှိ

ဖေဖော်ဝါရီ (၂၇)ရက်။

Myanmar Property Dealer

 

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူရန်လျှောက်ထားသူ လေးသိန်းကျော်ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

ရိုးမရိပ်သာ တန်ဖိုးနည်း အိမ်ရာရှိ အခန်း(၈၇၄) ခန်း ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဝင်ငွေနည်းပြီး နေရေးအခက်အခဲရှိသော ပြည်သူ့ အငြိမ်းစားဝန်ထမ်းများနှင့် တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းငယ်များ ကို ရောင်းချသွားမှာဖြစ်တယ်လို့  နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့်ကြေညာခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်မှစတင်ကာ ၂၁ရက်အထိလျှောက်လွှာများကိုရောင်းချပေးခဲ့ခြင်းဖြစ်ပြီး နေရေးအခက်အခဲရှိတဲ့ ဝင်ငွေနည်း ပြည်သူများကို အဓိကထား ရောင်းချပေးခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

 လက်ရှိတွင် ဒဂုံမြို့သစ်တောင်ပိုင်းရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် နေရေးအခက်အခဲရှိတဲ့ပြည်သူများကို ၅ နှစ်သက်တမ်းဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုထားပြီးအဆောက်အအုံ ၁၇၁ လုံး တည်ဆောက်ပြီးစီးပြီဖြစ်ကာ အိမ်ထောင်စု ၂၇၃၆ စုအထိ နေထိုင်နေပြီလို့လည်းသိရပါတယ်။