Home  / News  / News Details

သတင်း အသေးစိတ်

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကို ဒီဇင်ဘာလတွင် ပြီးစီးရန်မျှော်မှန်းထား

Jun 18, 2025  /

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကို ဒီဇင်ဘာလတွင် ပြီးစီးရန်မျှော်မှန်းထား

 

ဇွန်လ (၁၈)ရက်။

Myanmar Property Dealer

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်းလုပ်ငန်းများအားလုံးကို ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

 မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတားစီမံကိန်း တစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

 မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား အမျိုးအစားက ကြိုးဆိုင်းတံတား (Cable - Stayed Bridge) အမျိုးအစားဖြစ်ပြီးတံတား တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၊ ဒေးဒရဲတံတားမှ တဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မှာဖြစ်တဲ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့ မှုများကိုလည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။