Home  / News  / News Details

သတင်း အသေးစိတ်

သီတင်းကျွတ်ပိတ်ရက်ရှည်အတွက် ပုဂံဟိုတယ်အခန်း ဘိုကင် ၇၀ ရာခိုင်နှုန်းနီးပါးပြည့်

Sep 28, 2026  /

သီတင်းကျွတ်ပိတ်ရက်ရှည်အတွက် ပုဂံဟိုတယ်အခန်း ဘိုကင် ၇၀ ရာခိုင်နှုန်းနီးပါးပြည့်

စက်တင်ဘာ ၂၉ရက် |

 Myanmar Property Dealer

လာမဲ့ သီတင်းကျွတ်ပိတ်ရက်ရှည်ကာလအတွက် ပုဂံဒေသရှိ ဟိုတယ်နဲ့တည်းခိုခန်းများတွင် ကြိုတင်ဘိုကင်တင်ထားမှုများ များပြားနေပြီး လက်ရှိတွင် အခန်း ၇၀ ရာခိုင်နှုန်းနီးပါး ကြိုတင်မှာယူထားပြီးဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းများထံမှ သိရပါတယ်။

ပုဂံဒေသရှိ ဟိုတယ်နှင့် တည်းခိုခန်းများသည် စက်တင်ဘာလ ဒုတိယပတ်ခန့်မှစတင်ပြီး သီတင်းကျွတ်ပိတ်ရက်ရှည်အတွက် အခန်းကြိုတင်ဘိုကင်များ လက်ခံခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အခန်းအများစုကို ကြိုတင်မှာယူထားကြကြောင်း သိရပါတယ်။

“သီတင်းကျွတ်ပိတ်ရက်ရှည်အတွက် အခန်းကြိုတင်မှာယူမှုတွေက စောစောကတည်းက ရှိနေပါတယ်။ လက်ရှိမှာတော့ အခန်း ၇၀ ရာခိုင်နှုန်းနီးပါး ပြည့်နေပါပြီ” ဟု ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပုဂံဒေသရှိ တည်းခိုခန်းများရဲ့ အခန်းခနှုန်းထားမှာ တစ်ညလျှင် ကျပ် ၄၀,၀၀၀ ဝန်းကျင်မှ စတင်ပြီး ဟိုတယ်အခန်းများမှာ တစ်ညလျှင် ကျပ် ၈၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့လည်းသိရပါတယ်။

အဆင့်မြင့် အပန်းဖြေစခန်း (Resort) များတွင်မူ အခန်းခနှုန်းထားများမှာ တစ်ညလျှင် ကျပ် ၂၅၀,၀၀၀ နှင့်အထက် ရှိကြောင်း သိရပါတယ်။

သီတင်းကျွတ်ပိတ်ရက်ရှည်ကာလအတွင်း ပုဂံဒေသသို့ လာရောက်လည်ပတ်မဲ့ ခရီးသွားဧည့်သည်များပြားလာနိုင်သဖြင့် ဟိုတယ်နဲ့ တည်းခိုခန်းများရဲ့ အခန်းကြိုတင်ဘိုကင်များ ဆက်လက်မြင့်တက်လာနိုင်ကြောင်းလည်း သိရပါတယ်။

ပုဂံဒေသအပြင် ပင်လယ်ကမ်းခြေခရီးစဉ်ဒေသများဖြစ်တဲ့ ချောင်းသာနှင့် ငွေဆောင်တို့တွင်လည်း သီတင်းကျွတ်ပိတ်ရက်ရှည်အတွက် ဟိုတယ်နှင့် တည်းခိုခန်းများကို ကြိုတင်ဘိုကင်တင်ထားမှုများ ရှိနေတယ်လို့လည်း သိရပါတယ်။