Home  / News  / News Details

သတင်း အသေးစိတ်

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးရှိခြင်းကြောင့်တစ်နိင်ငံလုံးအိမ်ခြံမြေနှင့်ပတ်သက် သည့်အဆက်အသွယ်ကွန်ရက်များကျယ်ပြန့်လာဟုဆို ။

Sep 6, 2022  /

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးရှိခြင်းကြောင့်တစ်နိင်ငံလုံးအိမ်ခြံမြေနှင့်ပတ်သက် သည့်အဆက်အသွယ်ကွန်ရက်များကျယ်ပြန့်လာဟုဆို ။
 
Myanmar Property Dealer
စက်တင်ဘာ-  ၆ ရက် ။
 
မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးက စီးပွားရေးလုပ်နေသည့်အဖွဲ့အစည်းမဟုတ်ပဲ၊ အသင်းဝင်ထားသည့်အသင်းသားအချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့က နေပြည်တော် ၊ဒက္ခိဏသီရိမြို့နယ် တုံဂပူရိဟိုတယ်ခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့သည့် သုံးနှစ်တစ်ကြိမ်ကျင်းပသည့် ဗဟိုအလုပ် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားတွင်ဥက္ကဌ ဖြစ်သူ ဦးတင်မောင်ကပြောကြားခြင်းဖြစ်သည်။
 
‘‘အသင်းကြီးအနေနဲ့စီးပွားရေးမလုပ်ဘူး၊အသင်းကြီးထဲမှာပါတဲ့အသင်းသားတွေကိုအသင်းကနေစမတ်ကဒ်ထုတ်ပေးထားတယ်။အသင်းကနေအခုလိုအခမ်းအနားတွေကျင်းပပေးတဲ့အတွက်တစ်ဦးနှင့်တစ်ဦးထိတွေ့မှုရှိသွားတယ်။အဲဒီလင့်ရှိသွားတဲ့အပေါ်မှာအနယ်နယ်အရပ်ရပ်ကနေရန်ကုန်-မန္တလေး၊မန္တလေး-လားရှိုး၊လားရှိုး-နေပြည်တော်စသည်အားဖြင့်ပေါ့၊ဒီလိုမျိုးအဆက်အသွယ်တွေကောင်းသွားရင်အရောင်းအဝယ်တွေတက်လာတာပေါ့။ရင်းနှီးမြုတ်နှံသူတွေကလည်း ဘယ်နေရာ ဘယ်ဒေသတွေကို စိတ်ဝင်စားစရာကောင်းလဲ ။ကိုယ်ကမသိရင်အရောင်းအဝယ်မဖြစ်လာဘူး၊အခုတော့အသင်းကြီးပေါ်လာတဲ့အတွက် နိုင်ငံအနှံ့ကိုသွားလာဆက်သွယ်နေတယ်၊အသင်းကြီးထဲမှာရှိတဲ့ အကျိုးဆောင်အချင်းချင်းဆက်သွယ်ဆောင်ရွက်ရင်းအကျိုးစီးပွားဖြစ်လာတဲ့သဘောဖြစ်လာတယ်’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး၏ဥက္ကဌဦးတင်မောင်ကပြောသည်။
 
မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး၏သုံးနှစ်တာသက်တမ်းအတွင်းတစ်နိုင်ငံလုံးရှိအသင်းဝင်အသင်းသားဦးရေ ၅၀၀၀ကျော်ရှိပြီး ယခုကျင်းပခဲ့သည့် သင်းလုံးကျွတ်အစည်းအဝေးမှဗဟိုအလုပ်မှုဆောင်၊ အလုပ်မှုဆောင် ဦးရေစုစုပေါင်း ၅၁ ဦးကို ရွေးချယ်တင်မြှောက်ပြီး ကျန်အသင်းဝင် ၂၁ ဦးကို တိုင်းနှင့်ပြည်နယ်များတွင် ဆက်လက်ရွေးချယ်သွားမည်ဖြစ်ပြီး စုစုပေါင်း ဗဟိုအလုပ်မှုဆောင်၊အလုပ်မှုဆောင် ဦးရေ ၇၇ ဦးကို ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်းသိရသည်။