Home  / News  / News Details

သတင်း အသေးစိတ်

မြောက်ဒဂုံကို Smart Township ဖြစ်အောင်ဆောင်ရွက်မည်ဟု PP ပါတီကိုယ်စားလှယ်လောင်းပြောကြား

Dec 5, 2025  /

 

မြောက်ဒဂုံကို Smart Township ဖြစ်အောင်ဆောင်ရွက်မည်ဟု PP ပါတီကိုယ်စားလှယ်လောင်းပြောကြား

 

ဧရိယာစတုရန်းမိုင် ၁၀.၁၅ မိုင်ကျယ်ဝန်းပြီး ရပ်ကွက် ၂၇ ခုဖြင့်ဖွဲ့စည်းထားတဲ့မြောက်ဒဂုံမြို့နယ်ကို လုံ့ခြုံစိတ်ချရတဲ့ အဆင့်မြင့် Smart Township အဖြစ်အကောင်အထည်ဖော်ဆောင်ရွက်ပေးမှာဟု ပြည်သူ့ပါတီကိုယ်စားပြု မြောက်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ဇေယျထွန်းက လည်းကောင်းရဲ့  ဆိုရှယ်မီဒီယာမှတဆင့်ဖော်ပြပြောဆိုခဲ့တာဘဲဖြစ်ပါတယ်။

 

မြောက်ဒဂုံမြို့နယ်တွင် ယာဥ်ကြောပိတ်ဆို့မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးအားကောင်းလာစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး Smart လမ်းမီးတိုင်များကိုအသုံးပြုပြီး ရပ်ကွက်တွင်းလုံခြုံမှုအားကောင်းလာစေရေးအတွက်လည်း Integrated CCTV System များအသုံးပြုသွားမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။

 ဒါ့အပြင် အဓိကမိန်းလမ်းမကြီးများပေါ်တွင် ပြည်သူများအဆင်ပြေအောင် ပလက်ဖောင်းများကိုလည်းစနစ်တကျစီမံပြီး ရပ်ကွက်နေပြည်သူများအပန်းဖြေနိုင်ရေးအတွက်လည်းအသေးစားပန်းခြံများတည်ဆောက်ပေးသွားမယ်လို့ဆိုပါတယ်။

 ‘’ ကမ်းနားလမ်းတလျှောက်တွင်လည်း ညစျေးတန်းများဖော်ဆောင်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကိုဖန်တီးပေးနိုင်ဖို့အတွက်လည်းကတိပေးပါတယ်။ဆေးဝါးဖူလုံရေးနှင့်အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအားထောက်ပံ့ပေးခြင်းတို့ကိုလည်းဆောင်ရွက်ပေးသွားမယ်လို့လည်း’’ သူရဲ့ ရွေးကောက်ပွဲမဲဆွယ်ကတိစကားအဖြစ်

ဒေါက်တာကျော်ဇေယျထွန်းကဆိုရှယ်မီဒီယာမှတဆင့်ပြောကြားခဲ့တာဘဲဖြစ်ပါတယ်။