Home  / News  / News Details

သတင်း အသေးစိတ်

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ပေ၂၀၀ ပတ်လည်မြေကွက် ၇၂ ကွက်အနက် ကျန်ရှိသည့်မြေကွက်များကို တတိယအကြိမ် တင်ဒါခေါ်ယူ

Mar 12, 2026  /

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ပေ၂၀၀ ပတ်လည်မြေကွက် ၇၂ ကွက်အနက် ကျန်ရှိသည့်မြေကွက်များကို တတိယအကြိမ် တင်ဒါခေါ်ယူ

နေပြည်တော်၊ မတ် ၁၂

Myanmar   Property Dealer


နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်တွင် ဖော်ဆောင်ထားတဲ့ ပေ၂၀၀ ပတ်လည်မြေကွက် ၇၂ ကွက်အနက် ရောင်းချရန်ကျန်ရှိနေတဲ့ မြေကွက်များကို တတိယအကြိမ်အဖြစ် လေလံတင်ရောင်းချမှာဖြစ်တယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှအသိပေးကြေညာထား ရှိပါတယ်။

အဆိုပါ မြေကွက်များကို ပထမနှင့် ဒုတိယအကြိမ် တင်ဒါခေါ်ယူမှုများတွင် မြေကွက်အချို့သာ ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ မြေကွက်များကို ယခုအခါ တတိယအကြိမ်အဖြစ် ထပ်မံတင်ဒါခေါ်ယူတာလည်းဖြစ်ပါတယ်။

တင်ဒါဝယ်ယူလိုသူများအနေဖြင့် လျှောက်လွှာပုံစံများကို ၂၀၂၆ ခုနှစ် မတ်လ ၉ရက်နေ့တွင်စတင်ဝယ်ယူနိင်ပြီး၊လျှောက်လွှာပိတ်မဲ့ရက်မှာ  လာမယ့် မတ်လ ၂၃ရက်နေ့ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါလေလံပွဲကျင်းပမဲ့နေ့ရက်ကတော့ မတ်လ ၃၀ရက်နေ့ဖြစ်ပြီးစိတ်ဝင်စားသူ မြေကွက် ဝယ်ယူသူများ အနေဖြင့် လျှောက်လွှာတစ်စောင်ကို ကျပ်တစ်သိန်း သတ်မှတ်ထားပြီး မြေကွက်တစ်ကွက်ကို လေလံအာမခံကြေးအဖြစ် ကျပ်သိန်း ၂၀၀၀ ကို လျှောက်လွှာနဲ့အတူ တစ်ပါတည်း ပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။