သုခဒဂုံပြည်သူ့ အငှားအိမ်ရာမှ ထပ်မံပြီးစီးထားတဲ့တိုက်ခန်းများကို
မဲနှိုက်ပေးမည်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင်
အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သုခဒဂုံပြည်သူ့ အငှားအိမ်ရာမှ ထပ်မံပြီးစီးထားတဲ့ တိုက်ခန်းများကို
မဲနှိုက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ မှ ထပ်မံပြီးစီးထားတဲ့တိုက်
(၅) လုံးကို ယခင်တင်ပြထားတဲ့လျှောက်လွှာများထဲမှ တန်းစီ ဇယား အစဉ်လိုက် သတ်မှတ်ထားတဲ့
တိုက်များတွင် မဲနှိုက် နေရာ ချထားပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
မဲနှိုက်ရွေးချယ်ရာတွင်
သင်္ဃန်းကျွန်း မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဗဟန်း မြို့နယ်၊ကျောက်တံတား မြို့နယ်၊ ဒဂုံ
မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များကို မဲနှိုက်ပေးသွားမှာဖြစ်ပြီး
ပညာရေး ဝန်ထမ်းများ အနက်မှမဲနှိုက်ခွင့် ရရှိသူများကို ဌာန မှ ဆက်သွယ် အသိပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသူများကို
(၅) နှစ်တာငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်ပြီး တဆင့်ပြန်လည်ငှားရမ်းခြင်းမပြုရန်လည်း
အသိပေးထားပြီးဖြစ်ပါတယ်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအတွင်း စုစုပေါင်းတိုက်(၁၉၄)လုံးပါဝင်ပြီး
ပြီးစီးမှုအလိုက်အခန်းများကို ငှားရမ်းခွင့်ပြုလျက်ရှိပြီး ပထမအဆင့်အနေဖြင့် သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်း
တိုက် ၇၃ လုံး၊ဒုတိယအဆင့်အနေဖြင့် တိုက်အလုံး ၅၀ တို့ကိုနေရာချထားပေးခဲ့ပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။