မြန်မာနိင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှကြီးမှုးပြီးသန်လျင်မြို့နယ်အသင်းဥက္ကဌနှင့်အမှုဆောင်ကော်မတီဝင်များရွေးချယ်
ဒီဇင်ဘာ
(၃၀)ရက်။
Myanmar
Property Dealer
မြန်မာနိင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှကြီးမှူးပြီးရန်ကုန်တိုင်းဒေသကြီး၊အိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ကြီးကြပ်မှုဖြင့်
၂၀၂၃-၂၀၂၆ ခုနှစ်အတွက် သန်လျင်မြို့နယ်အသင်းဥက္ကဌနှင့်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်
တင်မြောက်ပွဲကို ယမန်နေ့(ဒီဇင်ဘာလ)၂၉ရက်နေ့ ၊နေ့လည်၁နာရီမှ၃နာရီအထိ သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်း၊ မှာရှိတဲ့
The Grand Central မင်္ဂလာခန်းမမှာကျင်းပခဲ့ပါတယ်။
အဆိုပါ သန်လျင်မြို့နယ်နှင့်ကျောက်တန်း
အသင်းဥက္ကဌနှင့်အမှုဆောင်ကော်မတီဝင်များရွေး ချယ်တင်မြောက် ပွဲကို အသင်းသူအသင်းသား
၅၀ကျော်တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။
‘’ဟိုအရင်တုန်းကအချိန်တွေဆိုရင်လူတွေကပွဲစားဆိုရင်လူရာမသွင်းခြင်ကြဘူး။တချို့ဆိုရင်မင်းတို့ပွဲစားတွေကထီးဖြူဖိနပ်ပါးဆိုတာမျိုးပေါ့အဲဒီလိုပြောတာမျိုးတွေရှိတာပေါ့။အခုဆိုရင်ကျွန်တော်တို့ရဲ့
မြန်မာနိင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းကြီးရှိလာတယ်။အဲဒီအတွက်လည်းကျေးဇူးတင်တယ်။သူတို့ကလည်းအကျိုးဆောင်လိုင်စင်တွေချပေးတယ်။အဲဒီတော့ပွဲစားကနေအကျိုးဆောင်ဆိုပြီးပြန်ပြောင်းသွားတာပေါ့။ကျွန်တော်ကတော့ကျွန်တော်တို့အကျိုးဆောင်တွေကိုဂုဏ်မငယ်စေချင်ဘူး၊အဲဒီအတွက်လည်းကျွန်တော်ကပေးလာတဲ့တာဝန်ကိုအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့အကျိုးဆောင်တွေအတွက်ကံစွမ်းညဏ်စွမ်းရှိသ၍ကြိုးစားပေးသွားမှာပါ။’’လို့
သန်လျင်အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှဥက္ကဌရွေးချယ်ခြင်းခံရတဲ့ဦးခိုင်ထူးကပြောပါတယ်။
လက်ရှိတွင်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာနိင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းကြီးတွင်အသင်းသူအသင်းသား၈၀၀၀ကျော်ရှိနေတယ်လို့လည်းသိရပါတယ်။
#အိမ်ခြံမြေဝန်ဆောင်မှုအသင်း
#ရွေးချယ်တင်မြောက်