Home  / News  / News Details

သတင်း အသေးစိတ်

မကွေးမြို့တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် စက်မှုဇုန်အတွက် အဆိုပြုလွှာ (Expression of Interest-Eol) များခေါ်ယူ ။

Oct 11, 2023  /

မကွေးမြို့တွင် ၄၆၁.၁၄ ဧက ကျယ်ဝန်းတဲ့ စက်မှုဇုန်အသစ်တစ်ခု အကောင်အထည်ဖော်ဆောင်မည်။  

အောက်တိုဘာလ (၁၁ )ရက်။

Myanmar Property Dealer

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုဖြင့် မကွေးမြို့မှာ စက်မှုဇုန်အသစ်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး ရင်းနှီးတည်ဆောက်လိုတဲ့ ပြည်တွင်း/ပြည်ပမှ ကုမ္ပဏီများအနေဖြင့်လျှောက်လွှာများကို (Expression of Interest-Eol) အတွင်း ရေးမှူး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့လိပ်မူပြီး အောက်တိုဘာ (၁၆)ရက်နေ့ ညနေ ၃နာရီ အရောက် ပေးပို့ တင်ပြရမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာများမှတဆင့်သိရပါတယ်။

မကွေးမြို့မှာ စက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းတည်နေရာက  မကွေး-တောင်တွင်းကြီး ကားလမ်း ၏ တောင်ဘက်(၁)မိုင်ခန့်၊ မကွေးမြို့မှ အရှေ့ဘက်သို့(၃) မိုင်ခန့်၊ မကွေးကွန်ပျူတာတက္ကသိုလ်မှ တောင်ဘက်သို့(၇) ဖာလုံ ခန့်၊ မကြီးကန် ဓာတ်အားခွဲရုံမှတောင်ဘက်သို့ ၁.၅ မိုင်ခန့် အကွာတွင် တည်ရှိပြီး စီမံကိန်းဧရိယာမှာ၄၆၁.၁၄ ဧက ကျယ်ဝန်းတယ်လို့သိရပါတယ်။

စက်မှုဇုန်တည်ဆောက်မည့် လျာထားမြေနေရာအနီးတွင် (၃၃) ကေဗွီဓါတ်အားလိုင်းတည်ရှိခြင်းခြင်းနှင့်စက်မှုဇုန်လျာထားမြေနေရာအနီးတွင် ဧရာဝတီမြစ် တည်ရှိတဲ့အတွက် နောင်အနာဂတ် စက်မှုဇုန်ဖွံ့ဖြိုးလာသည့် အချိန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်းငယ် တစ်ခု ဆောင်ရွက်ရန်လည်း စီစဉ်ထားကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းကိုစိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ကုမ္ပဏီဆိုင်ရာ အထောက်အထားများ၊လုပ်ငန်းဆောင်ရွက်ရန် . စိတ်ဝင်စားကြောင်းနှင့် Eolလျောက်လွှာထုတ်ယူလိုကြောင်း တင်ပြစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ရင်းနှီးတည်ဆောက်လိုသူ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံ၊ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်းနံပါတ် နှင့် email လိပ်စာတို့ကိုဖြည့်စွတ်ပြီးလျောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။

 လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် တရားဝင်ရပ်တည်လျက်ရှိတဲ့  စက်မှုဇုန်ပေါင်း (၁၉)ဇုန်ရှိပြီး မကွေးတိုင်းထဲတွင် ရေနံချောင်းစက်မှုဇုန် နှင့် ပခုက္ကူစက်မှုဇုန်တို့ရှိနေကြောင်း သိရပါတယ်။

 

#myanmarpropertydealer

#Expression of Interest-Eol

#မကွေးစက်မှုဇုန်

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD