Home  / News  / News Details

သတင်း အသေးစိတ်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်ထဲမှာတရားမ၀င် ၀င်ရောက်ကျူးကျော်နေထိုင်ခြင်းများကိုအရေးယူဆောင်ရွက်လျက်ရှိကြောင်းအသိပေးကြေညာ

Aug 11, 2023  /

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်ထဲမှာတရားမ၀င် ၀င်ရောက်ကျူးကျော်နေထိုင်ခြင်းများကိုအရေးယူဆောင်ရွက်လျက်ရှိကြောင်းအသိပေးကြေညာ

ဩဂုတ်(၁၁)ရက်။

Myanmar Property Dealer

 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့နယ်(၆)မြို့နယ်ထဲမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေများအရ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနေရာများတွင် တရား၀င်ပိုင်ဆိုင်ခွင့်၊ လက်ရှိထားပိုင်ခွင့် အခွင့်အရေးနှင့် ခိုင်လုံသောအထောက်အထားတစ်စုံတစ်ရာမရှိဘဲ တရားမ၀င် ၀င်ရောက်ကျူးကျော်နေထိုင်ခြင်း၊ မြေဖို့ခြင်း၊အဆောက်အအုံဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်းတို့ကို ဥပဒေမဲ့စွာ ဆောင်ရွက်ခြင်းများကို တွေ့ရှိရသဖြင့် တည်ဆဲဥပဒေများနှင့်အညီဖျက်သိမ်းရှင်းလင်းဖယ်ရှား၍ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့ဩဂုတ် ၈ရက်နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာထဲတွင်ဖော်ပြထားရှိပါတယ်။

            အလားတူ မီးရထားလမ်းမြေ၊ မဟာလျှပ်စစ်ဓာတ်အားလိုင်းမြေ၊ အစိုးရဌာနဆိုင်ရာပိုင်မြေ၊ လယ်မြေ၊ ယာမြေများတွင်လည်း တည်ဆဲဥပဒေအရ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ တရားမ၀င်အကွက်ရိုက်ရောင်းချခြင်း၊ တရားမ၀င် ၀င်ရောက်ကျူးကျော်နေထိုင်ခြင်း၊ မြေဖို့ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်းတို့ကိုလည်း ဥပဒေမဲ့စွာ ဆောင်ရွက်ခြင်းများ တွေ့ရှိရသဖြင့် တည်ဆဲဥပဒေများနှင့်အညီ ဖျက်သိမ်းရှင်းလင်းဖယ်ရှားပြီး အရေးယူဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်နေတယ် လို့သိရပါတယ်။

            ဒီလို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရာတွင် ဖယ်ရှားရှင်းလင်းခံရသူများအနေဖြင့် အခက်အခဲများ ရှိလာနိုင်သဖြင့် တည်ဆဲဥပဒေများအရ တရား၀င်ပိုင်ဆိုင်ခွင့်၊ လက်ရှိထားပိုင်ခွင့်၊ တရား၀◌င်ခွင့်ပြုမိန့် တစ်စုံတစ်ရာမရှိပါက ဥပဒေနှင့်ဆန့်ကျင်သော ပြုမူဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခြင်းမပြုလုပ်ကြရန် လည်းအသိပေးကြေညာထားရှိတာပါ။

            အသိပေးကြေညာချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ဖောက်ဖျက်ခြင်းများကိုစစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ဖျက်သိမ်းရှင်းလင်းဖယ်ရှားခံရမည့်အပြင် သက်ဆိုင်ရာ တည်ဆဲဥပဒေများအရလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာချက်ထုတ်ပြန်ထားရှိတာလည်းဖြစ်ပါတယ်။