Home  / News  / News Details

သတင်း အသေးစိတ်

သုခဒဂုံပြည့်သူ့အငှားအိမ်ရာမှ အိပ်ခန်းများ ငှားရမ်းနေထိုင်ခွင့် လျှောက်ထားသူဦးရေ ၁၆၀၀၀ကျော် ရှိကြောင်း သိရ

Aug 3, 2023  /

သုခဒဂုံပြည့်သူ့အငှားအိမ်ရာမှ အိပ်ခန်းများ ငှားရမ်းနေထိုင်ခွင့် လျှောက်ထားသူဦးရေ ၁၆၀၀၀ကျော် ရှိကြောင်း သိရ

ဩဂုတ် (၃)ရက်။

Myanmar Property Dealer

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်( ၂ )လမ်းမကြီး၊ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံအနီးမှာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်တဲ့  သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိအိမ်ခန်းများကိုငှားရမ်းနေထိုင်ခွင့်လျှောက်လွှာများခေါ်ယူခဲ့ပြီးနောက် ပထမအဆင့်ဆောက်လုပ်ပြီးစီးသည့် တိုက်ခန်း(၁,၁၆၈) ခန်းအတွက်လူဦးရေ ၁၆၀၀၀ ကျော်လာရောက်လျှောက်ထားကြောင်းသိရပါတယ်။

သုခဒဂုံပြည့်သူ့အငှားအိမ်ရာမှ အိပ်ခန်းများ ငှားရမ်းနေထိုင်ခွင့်လျှောက်လွှာများကို ဇူလိုင်လ (၃)ရက်နေ့ကနေ ဇူလိုင်လ (၃၁)ရက်နေ့အထိရောင်းချပေးခဲ့တာလည်းဖြစ်ပါတယ်။

အိမ်ခန်းငှားရမ်းခြင်း သက်တမ်းကိုလည်း ငါးနှစ်သတ်မှတ်ထားပြီး ၊ငါးနှစ်နေထိုင်ပြီးပါက အိမ်ခန်းကို ပြန်လည်အပ်နှံရမှာဖြစ်ပါတယ်။တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ( ၆၇၀၀၀) ကျပ်၊ ဒုတိယထပ် ( ၆၀၀၀၀ ) ကျပ်၊ တတိယထပ် ( ၅၅၀၀၀) ကျပ်၊နှင့် စတုတ္ထထပ် (၄၆၀၀၀ )ကျပ် သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းကို မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်လျက်ရှိပြီး  ပထမအဆင့်အဖြစ် အဆောက်အအုံ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်းကို ဆောက်လုပ်လျက်ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) တို့မှ တာဝန်ယူဆောက်လုပ်နေတာဖြစ်ပါတယ်။

 

 

#သုခဒဂုံပြည့်သူ့အငှားအိမ်ရာ

#myanmarpropertydealer

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD

 #yangon #property #stayinformed #tiktokmyanmar