Home  / News  / News Details

သတင်း အသေးစိတ်

ချင်းပြည်နယ်အတွင်းအိမ်၊ခြံမြေရောင်းချသူများပြီးဝယ်သူမရှိဖြစ်နေ။

Mar 3, 2023  /

ချင်းပြည်နယ်အတွင်းအိမ်၊ခြံမြေရောင်းချသူများပြီးဝယ်သူမရှိဖြစ်နေ။

မတ်လ(၃)ရက်။

Myanmar Property  Dealer

ချင်းပြည်နယ်အတွင်း အိမ်ခြံမြေဈေးကွက်အခြေအနေမှာ ရောင်းချသူများနေပြီးဝယ်ယူသူမရှိသလောက်ဖြစ်နေ တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ချင်းပြည်နယ်အတွင်း၊နယ်မြေ‌အေးချမ်းတည်ငြိမ်မှုမရှိခြင်းများကြောင့်အများစုမှာနေရပ်စွန့်ခွာကာရန်ကုန်၊မန္တလေးနှင့်နေပြည်တော်အစရှိတဲ့မြို့ကြီးများကိုပြောင်းရွေ့နေထိုင်ခြင်းများကလည်းချင်းပြည်နယ်အတွင်းမှာ

အိမ်ခြံမြေအဝယ်မရှိရခြင်းအကြောင်းတစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။

‘’ကျွန်တော်တို့တောင်ပေါ်မှာကမြေဈေးကအရမ်းကြီးတယ်။တချို့မြို့နယ်တွေဆိုရင်ရန်ကုန်ထက်တောင်ဈေးကြီးသေးတယ်။ဒေသခံတွေအများစုကပြည်ပထွက်ပြီးအလုပ်လုပ်ကြတယ်။ရတဲ့ငွေနဲ့မြေတွေဝယ်ပြီးအိမ်ဆောက်ကျတာပေါ့။ရွာမြေတောင်သိန်း ၅၀၀ကျော်ရောင်းနေကြတာ။အခုတော့ အားလုံးနီးပါးကဝယ်တဲ့သူမရှိဘူး၊ရောင်းတဲ့သူတွေပဲဖြစ်ကုန်ကြတယ်’’ဟုလည်းမတူပီမြို့ပေါ်နေသူတစ်ဦးထံမှသိရတာပါ။

    ချင်းပြည်နယ်တွင်လက်ရှိအသုံးပြုနေကြတဲ့မြေအများစုမှာဂရန်မြေမရှိသလောက်ရှားပါးပြီး၊ဘိုးဘပိုင်မြေ(ဘိုးဘွာပိုင်မြေ)၊ယာမြေ၊တောင်ယာမြေများ၊ရွာမြေအမျိုးအစားများကိုသာအရောင်းအဝယ်လုပ်နေကြခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။