သံနှင့် သံမဏိလိုင်စင်လျောက်ရာတွင်တရုတ်(ယွမ်)ကို ပြောင်းလဲသုံးစွဲပါက လိုင်စင်ချထားမှုကို ဦးစားပေးမည်
ဇွန်လ (၂)ရက်။
Myanmar Property Dealer
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းနဲ့တည်ဆောက်ရေးလုပ်ငန်းများအတွက်မရှိမဖြစ်လိုအပ် တဲ့ သံနှင့်သံမဏိ များကို လိုင်စင်လျောက်ရာတွင် ဒေါ်လာအစား တရုတ်ယွမ်ဖြင့်ပြောင်းလဲသုံးစွဲလာပါ က လိုင်စင်ဦးစားပေးချထားပေးမှာဖြစ်တယ်လို့သိရပါ တယ်။
ယခင်က သံနှင့်သံမဏိ တင်သွင်း၊ တင်ပို့ရာတွင် ဒေါ်လာတစ်မျိုးထဲကိုသာ သုံးစွဲခဲ့ပြီး ယခု (၂ဝ၂၃)ခုနှစ်တွင် ဒေါ်လာအစား တရုတ်ယွမ်ငွေကိုသုံးစွဲရန် ကုန်သွယ်ရေးဦးစီးဌာနကနေ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းထံသို့ ပြီးခဲ့တဲ့ မေလအတွင်းက ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားလာတာဖြစ်တယ်လို့လည်းသိရပါတယ်။
မြန်မာနိုင်ငံတွင် သံနှင့် သံမဏိလိုအပ်ချက်အနေဖြင့် နှစ်စဉ် တန် ချိန် ၂ သန်းခန့် ရှိပြီး ပြည်ပငွေများစွာ သုံးစွဲနေရတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းသည် လိုင်စင်ချထားပေးမှုကို နောက်ဆုံးအမှတ်စဥ်(၈၁)အထိ ချထားပေးခဲ့ပြီး ကုမ္ပဏီများအနေဖြင့် ၂ဝ၂၃ ခုနှစ် လိုင်စင်ချထားမှုပေးမှုအား ဒေါ်လာအစား ယွမ်ကိုပြောင်းလဲ သုံးစွဲပါက လိုင်စင်ဦးစားပေးချထားပေးမှာဖြစ်တယ်လို့လည်းအသင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။