ဆေးရုံ
တိုးချဲ့ဖို့ ဘတ် သန်း ၁,၀၀၀ တန်ကြေးရှိ မိသားစုပိုင်မြေကို ရက်ရက်ရောရော လှူဒါန်း
မေလ
(၅)
Myanmar Property Dealer
ထိုင်းနိုင်ငံ၊ ဥဘွန်ရတ်ချာဌာနီခရိုင်က ဝါရင်ချမ်ရပ် (Warin
Chamrap) ဆေးရုံ တိုးချဲ့ဖို့ ဘတ် သန်း ၁,၀၀၀ တန်ကြေးရှိ မြေကို ရက်ရက်ရောရော လှူဒါန်းလိုက်တဲ့ အလှူကြီးအတန်းကြီးတစ်ခု ဖြစ်သွားခဲ့တာပါ။
အလှူရှင်တွေကတော့
ကွယ်လွန်သွားပြီဖြစ်တဲ့
ဒုတိယဗိုလ် ပင် နဲ့ ဒေါ်ဝီချန်း (Lt. Pin &
Mrs. Wichian Smitthaman) တို့ရဲ့
သားသမီးတွေဖြစ်တဲ့ Smitthaman
မိသားစုက မောင်နှမ လေးယောက် (Prapit,
Narumon, Laddawan နဲ့
Kannika) ပဲ ဖြစ်ပါတယ်။ သူတို့က မိဘတွေဆီကနေ အမွေဆက်ခံထားတဲ့ ဝါရင်ချမ်ရပ် မြို့လယ်ခေါင်က အချက်အချာကျတဲ့ မြေကွက်ကြီးကို ဆေးရုံတိုးချဲ့ဖို့အတွက် လှူဒါန်းလိုက်တာပါ။
မြေအကျယ်အဝန်းက ၆၇ ရိုင် (စတုရန်းမီတာ
၁၀၇,၀၀၀ ကျော်) ရှိပြီး ကာလပေါက်ဈေးက ဘတ်ငွေ ၁ ဘီလီယံ (မြန်မာငွေနဲ့ဆိုရင်တော့
သိန်းပေါင်း သောင်းနဲ့ချီတဲ့ တန်ဖိုး) ရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ဆေးရုံအုပ်ကြီး
ဒေါက်တာ ပိယဝပ် (Piyawat
Angkawanich) နဲ့တကွ ဆရာဝန်တွေ၊ သူနာပြုတွေက အလှူရှင်မိသားစုကို နွေးနွေးထွေးထွေး လက်ခံတွေ့ဆုံပြီး လှူဒါန်းတဲ့ ကတိပြုလွှာကို တရားဝင် လက်ခံရယူခဲ့ကြပါတယ်။
ဆေးရုံအုပ်ကြီးကလည်း
ဒေသခံပြည်သူတွေကိုယ်စား
အရမ်းကျေးဇူးတင်ကြောင်း
ပြောကြားခဲ့ပြီး အခုလက်ရှိ
ဆေးရုံမှာက လူနာတွေအရမ်းများပြီး ကျပ်ညပ်နေတာပါ။ အခုရလိုက်တဲ့ မြေကွက်အသစ်ပေါ်မှာ ဆေးဘက်ဆိုင်ရာ အဆောက်အဦသစ်တွေ၊ ကုသရေးဌာနတွေ တိုးချဲ့ဆောက်လုပ်သွားမှာ ဖြစ်တဲ့အတွက် နောင်ကျရင် ဒေသခံတွေအနေနဲ့ အရင်ထက် ပိုမိုမြန်ဆန်ပြီး ပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို
ရရှိတော့မှာ ဖြစ်ပါတယ်လို့လည်းဆိုပါတယ်။
Ref : Khaosod