Home  / News  / News Details

သတင်း အသေးစိတ်

၂၀၂၅ ခုနှစ်အစောပိုင်းတွင် ပြီးစီးရန်အရှိန်မြင့်တည်ဆောက်နေသည့် (ဒလ) တံတား

Jan 3, 2025  /

၂၀၂၅ ခုနှစ်အစောပိုင်းတွင် ပြီးစီးရန်အရှိန်မြင့်တည်ဆောက်နေသည့် (ဒလ) တံတား

ဇန်နဝါရီ ()ရက်။


Myanmar Property Dealer


လာမယ့်၂၀၂၅ ခုနှစ်အစောပိုင်းတွင် မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတာကြီး ဖွင့်လှစ်နိုင်ရန်အရှိန်အဟုန်မြင့်တည်ဆောက်နေတယ်လို့သိရပါတယ်။

 မြန်မာနိုင်ငံတွင်အကြီးဆုံးကြိုးဆိုင်းတံတားဖြစ်လာမယ့် ရန်ကုန်-ဒလ တံတားအမျိုးအစားက ကြိုးဆိုင်းတံတား (Cable – Stayed Bridge) အမျိုးအစားဖြစ်ပြီးတံတာပြီးစီးသွားပါက  ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ၊ ဒေးဒရဲတံတားမှတစ်ဆင့် ကမ်းခြေ ဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင် မှာဖြစ်တယ်လို့လည်းသိရပါတယ်။

 ဒါ့အပြင် မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားကို ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးတံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးကြိုးဆိုင်းတံတားတစ်စင်းဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွက် မော်တော်ယာဉ်များ၏ ဆူညံသံများ အနှောင့်အယှက်မဖြစ်စေရေး အသံထိန်းနံရံများကို တံတားတစ်ဖက်တစ်ချက်တွင် တပ်ဆင်ထားသည့်အပြင် တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေးအဆောက်အအုံတစ်ခု၊ တံတားအသုံးပြုခကောက်ခံရေးစခန်း (Toll Plaza) နှင့် တန်ပိုယာဉ်များထိန်းသိမ်းကြီးကြပ်ရန် Weight Bridge တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားတယ်လို့လည်းသိရပါတယ်။