Home  / News  / News Details

သတင်း အသေးစိတ်

မကြာခင်ရာထူးမှ အနားယူတော့မည့် အင်ဒိုနီးရှားသမ္မတကမြို့တော်သစ်အဖြစ်တည်ဆောက်နေတဲ့ နူဆန်တာရာမှာနိုင်ငံခြားရင်းနှီးမြုပ်နှံမှုများရရှိရန်ကြိုးပမ်းဆောင်ရွက်နေ

Jul 24, 2024  /

မကြာခင်ရာထူးမှ အနားယူတော့မည့် အင်ဒိုနီးရှားသမ္မတကမြို့တော်သစ်အဖြစ်တည်ဆောက်နေတဲ့ နူဆန်တာရာမှာနိုင်ငံခြားရင်းနှီးမြုပ်နှံမှုများရရှိရန်ကြိုးပမ်းဆောင်ရွက်နေ

ဇူလိုင်(၂၄)ရက်။

Myanmar Property Dealer

 

မကြာခင်ရာထူးမှ အနားယူတော့မယ့် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက သူရဲ့ ရာထူးသက်တမ်းမကုန်မီ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်သစ်အဖြစ်တည်ဆောက်နေတဲ့ နူဆန်တာရာမှာနိုင်ငံခြားရင်းနှီးမြုပ်နှံမှု များရရှိရန် လုပ်ဆောင်လျက်ရှိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က အဘူဒါဘီမှာ အာရပ်စော်ဘွားများ ပြည်ထောင်စုသမ္မတ မိုဟာမက်ဘင်ဇာယာဒ်နှင့်တွေ့ဆုံခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်သစ် နူဆန်တရာမှာ ဘဏ္ဍာရေးစင်တာတစ်ခု ဖွင့်လှစ်ရန် သဘောတူခဲ့တယ်လို့လည်းသိရပါတယ်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်သစ်ကို  ဂျကာတာအ‌ရှေ့မြောက် ၁၅၀၀ ကီလိုမီတာကျော်တွင် တည်ရှိတာဖြစ်ပြီးမြို့တော်သစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ကျော်ကုန်ကျနိုင်‌တယ်လို့ခန့်မှန်းထားရှိပါတယ်။

အဆိုပါစီမံကိန်းကို နိုင်ငံတကာမှရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် မြေယာဌားရမ်းခွင့်ကို နှစ်ပေါင်း ၁၉၀ ခန့် ခွင့်ပြုခြင်းအပါအဝင် နည်းလမ်းအဖုံဖုံဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိနေတာလည်းဖြစ်ပါတယ်၊

 အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်သစ်အဖြစ်တည်ဆောက်နေတဲ့ နူဆန်တာရာမှာရင်းနှီးမြုပ်နှံမှုပြုလုပ်ရန်စိတ်ဝင် စားတဲ့ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားတယ်လို့ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှလည်း အသိပေးကြေညာထားရှိပါတယ်။