Home  / News  / News Details

သတင်း အသေးစိတ်

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း (MRESA)ဥက္ကဌအား တာဝန်မှရပ်ဆိုင်းခဲ့တယ်လို့သိရ

Jun 1, 2023  /

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း (MRESA)ဥက္ကဌအား တာဝန်မှရပ်ဆိုင်းခဲ့တယ်လို့သိရ
ဇွန် (၁)ရက်။
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MRESA)ဥက္ကဌကို ဗဟိုCEC/ECတို့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ အသင်းဥက္ကဌဦးခင်မောင်သန်းအား တာဝန်မှ ရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံတော်ပိုင်သတင်းစာများမှထုတ်ပြန်ကြေညာချက် အရသိရှိရပါတယ်။
ထုတ်ပြန်ကြေညာချက်ထဲတွင် အသင်းမှတ်ပုံတင်ရရှိခဲ့ချိန်မှ စတင်ပြီး၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ (၁၁)နှစ်တိုင်တိုင် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဥက္ကဌအဖြစ်သက်တမ်းလွန် တစ်ဦးတည်းတာဝန်ထမ်းဆောင်နေခြင်းနဲ့အခြားကိစ္စရပ်များလည်းပါဝင်တယ်လို့သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဗဟိုမှ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများဖြစ်တဲ့ အပိုဒ်(၃၅)အရ ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့အလုပ်အမှုဆောင်ကော်မတီတို့ရဲ့ သက်တမ်းဟာ (၃)နှစ်သတ်မှတ်ထား တာကြောင့်လည်းကောင်း၊ အပိုဒ်(၃၆)အရ အသင်းဥက္ကဌရဲ့ သက်တမ်းဟာ တစ်ဆက်တည်း (၂)ကြိမ် (စုစုပေါင်း ၆နှစ်)အထိသာ ပြဌာန်းသတ်မှတ်ချက်တို့ကြောင့်လည်းကောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဗဟိုရဲ့ CEC/ECတို့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ အသင်းဥက္ကဌ တာဝန်မှ ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့လည်း သိရှိရ ပါတယ်။
အဆိုပါထုတ်ပြန်ကြေညာချက်ကို သက်ဆိုင်ရာအစိုးရရုံးဌာနများ၊သက်ဆိုင်ရာအသင်းအဖွဲ့များထံပေးပို့ထားပြီးဖြစ်တယ်လို့လည်းသိရပြီး မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(MRESA)ကို ၂၀၁၂ခုနှစ် မေလ (၂၈)ရက်နေ့မှာ လိုင်စင်ရလုပ်ငန်းအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွန်ကြားမှုဦးစီဌာနမှာ ဖွဲ့စည်းမှတ်ပုံတင်ခွင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။