ဘဏ်လုပ်ငန်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ( MCEF) နဲ့ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) တို့ “နားလည်မှုစာချွန်လွှာရေးထိုးလိုက်တယ်လို့သိရပါတယ်။
နားလည်မှုစာချွန်လွှာရေးထိုး တာ ကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီက MCEF ခန်းမ မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် MCEF ဥက္ကဌ ၊ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) အမှုဆောင်အရာရှိချုပ် တွေက နှုတ်ခွန်းဆက်စကားပြောကြားပြီး ၊ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့သိရပါတယ်။
နားလည်မှုစာချွန်လွှာအရ ဘဏ်လုပ်ငန်းဆိုင်ရာနဲ့ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်း တွေ မှာ MCEF နဲ့ CHID Bank တို့ အပြန်အလှန်ပူးပေါင်း လုပ်ဆောင်ပြီး ၊ ကူညီဆောင်ရွက်သွားကြမှာဖြစ်တယ်လို့သိရပါတယ်။