Home  / News  / News Details

新闻详情

ပဲခူးတိုင်းအတွင်းအကောင်အထည်ဖော်ဆောင်ရွက်မှုမရှိတဲ့ ခွင့်ပြုမြေနေရာများ ရှိကြောင်း စိစစ်တွေ့ရှိ

Sep 9, 2026  /

ပဲခူးတိုင်းအတွင်းအကောင်အထည်ဖော်ဆောင်ရွက်မှုမရှိတဲ့ ခွင့်ပြုမြေနေရာများ ရှိကြောင်း စိစစ်တွေ့ရှိ

စက်တင်ဘာ (၉)ရက်။
Myanmar Property Dealer

စက်မှုနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွင့်ပြုချထားပေးခဲ့တဲ့ မြေနေရာများပေါ်တွင် သတ်မှတ်ထားတဲ့ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စိစစ်ခဲ့ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုမရှိသေးတဲ့ မြေနေရာများရှိနေတယ်လို့စိစစ်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

အဆိုပါ စက်မှုနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၉)ရပ်ကွက်ရှိ စက်မှုနယ်မြေအတွင်း စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်မှစတင်ပြီး လူပုဂ္ဂိုလ်အသီးသီးအား မြေနေရာများ ခွင့်ပြုချထားပေးခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။

ဒါ့ကြောင့် အဆိုပါမြေနေရာများကို လက်ဝယ်ပိုင်ဆိုင်ထားသူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီးသက်ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အသိပေးထားရှိပါတယ်။

သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ၊ ပဲခူးမြို့က အများသိရှိစေရန် အသိပေးကြေညာထားရှိတယ်လို့သိရပါတယ်။