Home  / News  / News Details

新闻详情

နှစ်(၂၀)အတွင်းဘန်ကောက်အိမ်ခြံမြေစျေးကွက်အဆိုးဆုံးအခြေအနေကို‌ရောက်ရှိ

Aug 2, 2025  /

နှစ်(၂၀)အတွင်းဘန်ကောက်အိမ်ခြံမြေစျေးကွက်အဆိုးဆုံးအခြေအနေကို‌ရောက်ရှိ
ဩဂုတ် (၂)ရက်။
Myanmar Property Dealer
ဘန်ကောက်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ရောင်းအားကျဆင်းမှု၊ ရောင်းရန်ကျန်အိမ်ရာတွေ တည်ဆောက်မှုစံနူန်းမြင့်တက်လာမှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ငွေပေါ်ဖို့ ရုန်းကန်နေရမှုတွေကြောင့် အနှစ် ၂၀ အတွင်းမှာ အဆိုးရွားဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ Bangok Post ရဲ့ဖော်ပြချက်အရသိရပါတယ်။
Real Estate Information Center (REIC) ရဲ့ ထုတ်ပြန်ချက်အရ ဘန်ကောက်မြို့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းစုတွေဟာ ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကတည်းက လူနေ residence ဆောက်လုပ်မှုများနှေး‌‌‌ကွေးနေခဲ့တာဖြစ်ပြီး ရောင်းအားအနေနဲ့ဆိုရင်လည်းပြီးခဲ့တဲ့နှစ်ကတည်းက‌ကျဆင်းနေခဲ့တာြဖစ်တယ်လို့လည်းသိရပါတယ်။
ဘန်ကောက်မှာစီမံကိန်းအသစ်များစတင်မှုဟာ တည်ဆောက်မှုအလုံးရေအရ ၁၅.၆% နဲ့ တန်ဖိုးအရ ၃၀% အထိကျဆင်းခဲ့တာဖြစ်ခါလူနေအိမ်အသစ်ရောင်းချမှုဟာဆိုရင်လဲအလုံးရေ ၁၃,၈၆၇လုံး၊ တန်ဖိုးအားဖြင့် ဘတ်၈၄သန်းအထိ ကျဆင်းခဲ့တာဘဲဖြစ်ပါတယ်။ မရောင်းရသေးတဲ့ အိမ်ရာအရေအတွက်ဟာ ၁၁.၄% မြင့်တက်လာပြီး ယူနစ်ပေါင်း ၂၃၇,၅၇၁ လုံးအထိ ရှိလာတာဖြစ်ခါ ဒီအရေအတွက်ကို ရောင်းချဖို့အတွက် အရင်ကလ ၄၀ သာကြာနိုင်ပေမယ့် အခုအခြေအနေနဲ့ဆိုရင်‌တော့ ၆၄ လ အထိ အချိန်ယူရနိုင်တယ်လို့လည်း REIC က ခန့်မှန်းထားပါတယ်။
ကျွမ်းကျင်သူတွေကတော့ဒီအကျပ်အတည်းကို ဖြစ်စေတာ အဓိကအကြောင်းအရင်းနှစ်ရပ်ကြောင့်လိုယူဆထားကြပါတယ်။ ပထမတချက်ကတော့အကြွေးနဲ့ လုပ်ငန်းချဲ့ထွင်ခဲ့တဲ့ ကုမ္ပဏီတချို့ဟာ ယခုအခါ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် စီမံကိန်းတွေကို ရပ်ဆိုင်းတာ ဒါမှမဟုတ် ပိုင်ဆိုင်တဲ့မြေကွက်တွေကို ပြန်လည်ရောင်းချတာတွေကြောင့်ဖြစ်ပြီး ဒုတိယအချက်ကတော့ နိုင်ငံ့ GDP တိုးတက်မှု အားနည်းနေချိန်မှာ ပြည်သူတွေရဲ့ အိမ်ထောင်စုအကြွေးက ၉၀%နီးပါးအထိမြင့်တက်နေတာကြောင့်အိမ်ရာအသစ်ဝယ်ယူနိုင်စွမ်းကိုသိသိသာသာထိခိုက်စေတာဘဲဖြစ်ပါတယ်။
ဒါပေမဲ့ တဖက်မှာလည်းဒီအကျပ်အတည်းက ဘဏ္ဍာရေးခိုင်မာတဲ့ ကုမ္ပဏီကြီးတွေအတွက်တော့ အခွင့်အရေးတစ်ခု ဖြစ်လာပါတယ်။ မြေကွက်ဝယ်ယူမှုမှာ ပြိုင်ဆိုင်မှုနည်းပါးနေချိန်မှာ ဈေးနှုန်းသင့်တင့်တဲ့ မြေကွက်တွေကို ဝယ်ယူပြီး ဈေးကွက်ပြန်ကောင်းလာမယ့်အချိန်ကို စောင့်ဆိုင်းကာ ဈေးကွက်ဝေစုကို ချဲ့ထွင်နိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်နေကြပါတယ်။