Home  / News  / News Details

新闻详情

ခြံအမှတ် (၅၄) ဒုတိယအကြိမ်လေလံတင်ရာတွင် ဝယ်ယူမည့်သူမရှိခဲ့

Aug 15, 2024  /

ခြံအမှတ် (၅၄) ဒုတိယအကြိမ်လေလံတင်ရာတွင် ဝယ်ယူမည့်သူမရှိခဲ့


ဩဂုတ် ( ၁၅)ရက်။

Myanmar Property Dealer 


ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) နေအိမ်ကို ဒီကနေ့ (ဩဂုတ်-၁၅)ရက် နေ့က ဒုတိယအကြိမ်လေလံတင်ရောင်းချခဲ့ရာမှာလည်း ဝယ်ယူမယ့်သူမရှိဘူးလို့ လေလံအရာရှိကြေညာချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လတွင် ကျပ် ၃၁၅ ဘီလျံဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)နှင့် နေအိမ် လေလံတင် ရောင်းချခဲ့သော်လည်း လေလံဆွဲဝယ်ယူမယ့်သူမရှိတဲ့အတွက် ဈေးလျှော့ပြီး ဒုတိယအကြိမ်ထပ်မံလေလံတင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ယခုတစ်ကြိမ်တွင်လည်းကျပ် ၃ ဘီလီယံဖြင့် ဒုတိယအကြိမ်လေလံတင်ခဲ့ရာ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။

ဦးအောင်ဆန်းဦးဘက်မှ ငွေကျပ် ၂၈၅ ဘီလျံအဖြစ် ပြင်ဆင်သတ်မှတ်ပေးရန်တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများဘက်မှ ကန့်ကွက်ခဲ့ကာ ကမာရွတ်ခရိုင်တရားရုံးက ကျပ် ၃၀ဝ ဘီလျံဖြင့် လေလံတင်ရောင်းချရန် ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ မြေကွက် နှင့် မြေပေါ်ရှိ အဆောက်အအုံများအပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်ကို ကျပ်သိန်းပေါင်း ဘီလျံ (၃၀ဝ)ဖြင့်  အဆိုပါခြံဝန်းအတွင်းမှာ လေလံတင်ရောင်းချခဲ့ခြင်းလည်းဖြစ်ပါတယ်။

(သဲမိုး)