Home  / News  / News Details

新闻详情

သုခ ဒဂုံ ပြည်သူ့အငှါးအိမ်ရာ လျှောက်ထားသူများအနက် ကော်မတီမှစိစစ်၍လျှေက်လွှာများ ကို မဲ နှိုက်ပေးပြီး မဲပေါက်သူများကိုတိုက်ခန်းငှါးရမ်း ခွင့်ပြုသွားမည် ။

Nov 3, 2023  /

သုခ ဒဂုံ ပြည်သူ့အငှါးအိမ်ရာ  လျှောက်ထားသူများအနက် ကော်မတီမှစိစစ်၍လျှေက်လွှာများ ကို မဲ နှိုက်ပေးပြီး မဲပေါက်သူများကိုတိုက်ခန်းငှါးရမ်း ခွင့်ပြုသွားမည် ။

 

နိုဝင်ဘာ (၃)ရက်။

Myanmar Property Dealer

 ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းငှားရမ်း နေထိုင်ခွင့်လျှောက်ထားသူများစာရင်းကို သက်ဆိုင်ရာကနေ စိစစ်ပြီး မဲနှိုက်ခွင့်ရှိတဲ့လျောက်ထားသူများ စာရင်းနှင့်  မဲနှိုက်ရမယ့်ရက်များကို သက်ဆိုင်ရာခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် နိုဝင်ဘာ(၂) ရက် နေ့မှ စတင်ပြီး (၁၂)ရက်နေ့အထိ အသိပေးကြေညာထားတာကိုတွေ့ရှိရပါတယ်။

ပထမအဆင့်အနေဖြင့် မဲနှိုက်ရမယ့်စာရင်းထဲမှာပါဝင်သူများအနေဖြင့်  နိုင်ဝင်ဘာ (၁၃)ရက်၊(၁၄)ရက် နေ့များတွင်မိမိနာမည်၊မဲနှိုက်ရမယ့်စာရင်းတွင်ပါဝင်တဲ့တိုက်အမှတ်၊ အုပ်စုများအတိုင်း သုခဒဂုံ ပြည်သူ့ အငှါးအိမ်ရာ ဒဂုံ မြို့သစ် (တောင်ပိုင်း) သို့ သတ်မှတ်ရက်များအတိုင်း မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများယူဆောင်ပြီးကိုယ်တိုင် လာရောက် မဲနှိုက်ရမှာဖြစ်ပြီးကိုယ်တိုင် လာရောက် နိုင်ခြင်းမရှိပါက ကာယကံရှင်ရဲ့ မှတ်ပုံတင် ကိုယ်စားလှယ် လွှဲစာများနှင့် လာရောက်ရမှာဖြစ်တယ် လို့  သုခဒဂုံပြည်သူ့အငှားအိမ်ရာ၊အိမ်ခန်းနေရာအငှားချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှသိရပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွင်းနေရေးအတွက်အခက်အခဲရှိသောပြည်သူများ၊အငြိမ်းစားဝန်ထမ်းများနှင့်လက်ရှိတာဝန်ထမ်းဆောင်ဆဲနိုင်ငံဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခ နှုန်းထား ဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုဖို့ကြေညာခဲ့ရာ ပြည်သူ ၅၈၀၅ ဦး၊အငြိမ်းစားဝန်ထမ်း ၁၇၇၃ ဦး၊ ဝန်ထမ်း ၄၁၉၄ ဦး စုစုပေါင်း ၁၁၇၇၂ ဦး လျှောက်ထားလာကြတယ်လို့လည်းသိရပါတယ်။