စင်ကာပူတွင် ပင်စင်စားများ အိမ်ကြီးရောင်းပြီး အိမ်သေးသို့ ပြောင်းရွှေ့နေထိုင်မှု မြင့်တက်
စင်ကာပူနိုင်ငံမှာ ပင်စင်စားအချို့ဟာ နေထိုင်ရလွယ်ကူစေရန် အိမ်ကြီးများကို ရောင်းချပြီး HDB နှစ်ခန်းတိုက်ခန်းအသေးများသို့ ပြောင်းရွှေ့နေထိုင်သူ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
အိမ်သေးသို့ ပြောင်းရွှေ့ကြပေမယ့် အရည်အသွေးနိမ့်အိမ်အဖြစ် မမြင်ဘဲ ဘဝနောက်ဆုံးအဆင့်အတွက် စိတ်ကြိုက်နေအိမ်အဖြစ် ဖန်တီးနိုင်ဖို့ ပြုပြင်မွမ်းမံရေးမှာ စင်ကာပူဒေါ်လာ သောင်းနှင့်ချီ ရင်းနှီးမြှုပ်နှံနေကြတာ ဖြစ်ပါတယ်။
အသက်
၇၅
နှစ်အရွယ် အငြိမ်းစား အိုင်ဗီလင်မ်ဟာ Pasir Ris မှာရှိတဲ့ နှစ်ခန်းတိုက်ခန်းကို ဝယ်ယူပြီး အတွင်းပိုင်းဒီဇိုင်း ပြုပြင်မွမ်းမံရေးအတွက် စင်ကာပူဒေါ်လာ ၇၀,၀၀၀ ကျော် အသုံးပြုကာ Mediterranean စတိုင်နေအိမ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
လက်ရှိမှာလည်း အသက်
၆၃
နှစ်မှ
၆၈
နှစ်အတွင်း ပင်စင်စားများနဲ့ သားသမီးများ ခွဲနေထိုင်လာတဲ့ မိသားစုများက လေးခန်း၊ ငါးခန်းနဲ့ Maisonette အိမ်ကြီးများကို ရောင်းချပြီး နှစ်ခန်းတိုက်ခန်းများသို့ ပြောင်းရွှေ့ကာ ဟိုတယ်ပုံစံ၊ ခေတ်မီဒီဇိုင်းများဖြင့် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
အတွင်းပိုင်းဒီဇိုင်နာများရဲ့ ပြောကြားချက်အရ လူမှုကွန်ရက်များမှာ မြင်တွေ့ရတဲ့ ခေတ်မီအိမ်ဒီဇိုင်းများရဲ့ လွှမ်းမိုးမှုကြောင့် အိမ်အသေးများကိုလည်း ကွန်ဒို သို့မဟုတ် ဟိုတယ်အဆင့် ဒီဇိုင်းများဖြင့် ပြင်ဆင်လိုသူ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။
အိမ်ကြီးများ ရောင်းချပြီး ရရှိလာတဲ့ ငွေကြေးအပိုကြောင့် ပင်စင်စားများဟာ မိမိတို့ရဲ့ နောက်ဆုံးနေအိမ်ကို ပိုမိုသက်တောင့်သက်သာနဲ့ အရည်အသွေးမြင့်စွာ နေထိုင်နိုင်ရေးအတွက် ပြုပြင်မွမ်းမံမှုများတွင် ငွေကြေးအများအပြား ရင်းနှီးမြှုပ်နှံနေကြတယ်လို့ သိရပါတယ်။
Ref -ST