Home  / News  / News Details

新闻详情

လွိုင်ကော်မြို့ အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီးကို ဘဏ္ဍာနှစ် (၂) နှစ်အတွင်း အပြီးသတ် တည်ဆောက်မည်

Aug 14, 2026  /

လွိုင်ကော်မြို့ အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီးကို ဘဏ္ဍာနှစ် (၂) နှစ်အတွင်း အပြီးသတ် တည်ဆောက်မည်

ဩဂုတ် (၁၄)
Myanmar Property Dealer

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီးကို လက်ရှိ ဘဏ္ဍာနှစ် (၂) နှစ်အတွင်း အပြီးသတ် တည်ဆောက်နိုင်ရေး စနစ်တကျ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

အဆိုပါ အဆင့်မြင့် သီရိမင်္ဂလာဈေးမှာ Steel Structure နှစ်ထပ်ဈေးရုံ ဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပြီးလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ဈေးဝယ်ပြည်သူများ အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်း စနစ်တကျ စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဈေးသစ်ကြီး၏ တတိယပိုင်းအဖြစ် Steel Structure တစ်ထပ်ဈေးရုံ (၁၄) ရုံနှင့် Steel Structure နှစ်ထပ်ဈေးရုံ (၁) ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို အရည်အသွေးစစ်ဆေးရေး အဖွဲ့က လုပ်ငန်းအပိုင်းလိုက် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ဈေးအတွင်း ပြည်သူများ ဝင်ထွက်သွားလာမှု လွယ်ကူစေရေးအတွက် လမ်းများနှင့် ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းများ စနစ်တကျ ဆောင်ရွက်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စသည်တို့ကိုလည်း ဟန်ချက်ညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။