Home  / News  / News Details

新闻详情

ထိုင်းနိုင်ငံတွင်ကွန်ဒိုတိုက်ခန်းဝယ်ယူခြင်းကပညာရေး၊ကျန်းမာရေးအတွက်နေထိုင်ရန်သင့်တော်ပြီးရင်းနှီးမြုပ်နှံမှု အတွက် အကျိုးမဖြစ်ထွန်းနိုင်ဟုသိရ။

Feb 13, 2023  /

ထိုင်းနိုင်ငံတွင်ကွန်ဒိုတိုက်ခန်းဝယ်ယူခြင်းကပညာရေး၊ကျန်းမာရေးအတွက်နေထိုင်ရန်သင့်တော်ပြီးရင်းနှီးမြုပ်နှံမှု အတွက် အကျိုးမဖြစ်ထွန်းနိုင်ဟုသိရ။

Myanmar Property Dealer

ဖေဖော်ဝါရီ (၁၃) ရက်။

ထိုင်းနိုင်ငံ၊ဘန်ကောက်နှင့်မြို့ကြီးများတွင်မြန်မာနိုင်ငံသားတချို့ကတိုက်ခန်း၊ကွန်ဒိုများသွားရောက်ဝယ်ယူကြပြီး၊အဆိုပါဝယ်ယူသူအများစုမှာ နိုင်ငံရေးအခြေနေအရသော်လည်းကောင်း၊ ကလေးများ ပညာရေး၊ ကျန်းမာရေးနှင့် ရင်းနှီးမြုပ်နှံမှုတစ်ခုအရ ဝယ်ယူကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

အဆိုပါထိုင်းနိုင်ငံအတွင်းတိုက်ခန်းကွန်ဒိုများသွားရောက်ဝယ်ယူမှုများနှင့်ပတ်သက်ပြီး’’ဘာလို့ဘန်ကောက်မှာဝယ်ကြတာလဲ ဆိုရင် အချိန်အတိုင်းအတာတစ်ခုအရ နိုင်ငံရေးအခြေနေ ရှိတယ်၊ရင်းနှီးမြုပ်နှံမှုတစ်ခုအရ ဘန်ကောက်မှာကွန်ဒိုတစ်ခုသွားဝယ်ထားရင် ဆေးလာကုတဲ့သူတွေကိုငှားစားလို့ ရမယ်။နိုင်ငံခြားသားခရီး သွား တွေကိုငှားစားလို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့တော့သူတို့ကဝယ်ကြတာပေါ့နော်။ဈေးအားဖြင့်ကြည့်ရင်လည်းအများစုဝယ်ကြတဲ့ဈေးကသိန်း ၂၀၀၀ ၊သိန်း၃၀၀၀ ဆိုတော့ မြန်မာနိုင်ငံမှာလည်းသာမန် တိုက်ခန်းဈေးနှုန်း ပါ ‘’ဟုလည်း ကွန်ဒိုလုပ်ငန်းနှင့်ပတ်သက် ရင်းနှီးကျွမ်းကျင်သူတစ်ဦးထံမှသိရပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်ရှိကွန်ဒိုအခန်းဈေးနှုန်းများမှာသိန်း ၂၀၀၀၊သိန်း၃၀၀၀ဝန်းကျင် ပေါက်ဈေးနှုန်းရှိနေပြီးအဆိုပါဈေးနှုန်းများမှာရန်ကုန်မြို့ရှိတိုက်ခန်းဈေးနှုန်းနီးပါးရှိနေတာလည်းဖြစ်ပါတယ်။

“တကယ်တော့ သူတို့ဆီက သိန်း ၂၀၀၀ ၊သိန်း၃၀၀၀ဆိုတာကလည်းမြန်မာပြည်မှာဧည့်ခန်းမရှိတရှိအခန်းကို ဧည့်ခန်းရအောင်ဖွဲ့ထားတာပါ။အဲဒါကို သိန်း ၂၀၀၀၊သိန်း၃၀၀၀လောက်နဲ့ဝယ်လို့ရတယ်လေ ဘန်ကောက်မှာက နေရာအချက်အချာကတော့ကောင်းတယ်။ ဒါပေမယ့်ဘန်ကောက်ရဲ့ Property Market အရတော့ကြည့်မယ်ဆို ရင်ဝယ်ထားပြီးရင်မြတ်မလားဆို တော့ဘယ်တော့မှမမြတ်ဘူး။ရှုံးမှာပဲ ဘာကြောင့်လည်းဆိုတော့ တစ်နှစ်တစ်နှစ် ထပ်ဆောက်တဲ့အခန်းတွေ ကမနည်းဘူးလေ  Right Investment ဖြစ်မလားလို့မေးရင်စဉ်းစားရမယ်လို့ ပဲ ပြောချင်ပါတယ်’’ဟုလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောတာပါ။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများသို့ လွှဲပြောင်းပေးအပ်တဲ့ ကွန်ဒိုအခန်းအရေအတွက်က ၂၀၂၂ ခုနှစ် ပထမ လအတွင်း တိုးကာ ၁၈၈ ခန်းအထိ ရှိလာခဲ့တယ်လို့လည်းအိမ်ခြံမြေ သတင်းအချက်အလက် ဌာန (REIC) အချက်အလက်များအရ သိရပါတယ်။

#myanmarpropertydealer 

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD

#yangon

#property

#stayinformed

#အကျိုးမဖြစ်ထွန်းနိုင်

#ဘန်ကောက်ကွန်ဒို