Home  / News  / News Details

新闻详情

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အိမ်ခြံမြေဈေးနှုန်းများမြင့်တက်လာသော်လည်းမန္တလေးအိမ်ခြံမြေ အရောင်းအဝယ်အေး

Sep 3, 2025  /

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အိမ်ခြံမြေဈေးနှုန်းများမြင့်တက်လာသော်လည်းမန္တလေးအိမ်ခြံမြေ အရောင်းအဝယ်အေး

 

စက်တင်ဘာ (၃)ရက်။

Myanmar  Property Dealer  

မန္တလေးမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း အိမ်ခြံမြေဈေးနှုန်းများမြင့်တက်သွားခဲ့သော်လည်း အရောင်းအဝယ်ပြုလုပ်မှုများမှာမူ နည်းပါးနေတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများ ကပြောပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းကစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှဒေသခံအများအပြားမှာ မန္တလေးမြို့သို့ ပြောင်းရွှေ့အခြေချမှုများရှိလာတာကြောင့် အိမ်ခြံမြေဈေးနှုန်းများတရိပ်ရိပ်မြင့်တက်လာခဲ့ခြင်း ဖြစ်ကာ ငလျင်လှုပ်ခတ်မှုအပြီးတွင် ဈေးနှုန်းများသိသိသာသာပိုမိုမြင့်တက်လာတာဖြစ်ပါတယ်။

 "အိမ်ခြံမြေဈေးတွေက ငလျင်မှာပိုသိသာလာတာပေါ့။ ပြီးခဲ့တဲ့နှစ်ကတော့ရှမ်းပြည်ဖက်ကလာတဲ့သူတွေကြောင့် မြို့ပေါ်ရပ်ကွက်တွေကဈေးတက်တာ။ အခုနောက်ပိုင်းတော့ ရွာမြေတွေကိုပိုဝယ်လာလို့ ရွာတွေဖက် လည်း ဈေးကခေါင်ခိုက်နေပြီ။ ဒါပေမဲ့ ဒီရက်ပိုင်းတော့အရောင်းအဝယ်ကသိပ်မဖြစ်တော့ဘူး။ မြေဈေး အရမ်း တက် လာလို့ အရောင်းအဝယ်ပါးသွားတာပေါ့"ဟု အောင်မြေသာစံမြို့နယ်မှအိမ်ခြံမြေလုပ်ငန်း လုပ်ကိုင် သူတစ်ဦးကပြောပါတယ်။

 လတ်တလောတွင် မန္တလေးအိမ်ခြံမြေဈေးနှုန်းများမှာ တစ်ပေကိုအနည်းဆုံး ငွေကျပ် သိန်း ၃၀ ဝန်း ကျင်အထိရှိနေပြီး အဆိုပါဈေးနှုန်းများမှာ ပြီးခဲ့သည့် နှစ်တာကာလကရှိခဲ့သောဈေးနှုန်းများထက် ပျမ်းမျှ ဆမှ ၁၀ ဆအထိမြင့်တက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။