Home  / News  / News Details

新闻详情

ပြည်ပမှ အိမ်၊ခြံ၊မြေရင်းနှီးမြှုပ်နှံမှုလျော့ကျလာဟုဆို

May 10, 2024  /

ပြည်ပမှ အိမ်၊ခြံ၊မြေရင်းနှီးမြှုပ်နှံမှုလျော့ကျလာဟုဆို
မေလ(၁၀)ရက်။
Myanmar Property Dealer
အိမ်၊ခြံ၊မြေကဏ္ဍထဲမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုလျော့ကျလာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဌ ဒေါ်မို့မို့အောင်ကပြောပါတယ်။
" ရင်းနှီးမြှုပ်နှံမှုဆိုတာကလည်း နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံမှသာလျှင် ရင်းနှီးမြှုပ်နှံမှုက ကြီးတာပေါ့။ ပြည်တွင်းမှာ ပိုက်ဆံရှိတဲ့သူက လက်ချိုးရေလို့ရတယ်။ပြောရရင် ပြည်ပရင်နှီးမြှုပ်နှံမှုအားနည်းနေတာပေါ့။ နိုင်ငံခြားသားတွေက လာရင်တစ်ယောက်ချင်းလာတာမဟုတ်ဘူး။ Group လိုက်လာကြတာ။ သေသေချာချာလေ့လာပြီးမှ ရင်းနှီးမြှုပ်နှံကြတာ"ဟုလည်း ၎င်းကဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍထဲတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာသန်း (၇၈၀၀) ကျော်ရရှိထားတယ်လို့လည်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှထုတ်ပြန်ထားတဲ့အချက်အလက်များအရ သိရပါတယ်။
အိမ်၊ခြံ၊မြေ ရင်းနှီးမြှုပ်နှံတဲ့အပိုင်းတွင် ကွန်ဒို၊ တိုက်ခန်းများထက် မြေကွက်အရောင်းအဝယ်မှာ ပိုဖြစ်နေပြီး လက်ရှိ အိမ်ခြံမြေ ဈေးကွက်ကလည်းရန်ကုန်၊ နေပြည်တော်၊ မန္တလေး တို့တွင် ပိုမို အရောင်းအဝယ် ဖြစ်နေတယ်လို့လည်းသိရပါတယ်။
(သဲသဲ)