“ ရောင်းမှားဝယ်မှားမဖြစ်ရအောင် ”
မှတ်မှတ်ရရ အမြဲတမ်းလမ်းဆိုတဲ့ စမ်းချောင်းလမ်းထဲမှာပဲပေါ့။အဖြစ်ပျက်လေးတစ်ခုဖြစ်သွားခဲ့တယ်။
တိုက်ခန်းလေးကနေရာကောင်းတယ်ဗျ၊ အထပ်ကလည်းပထမထပ်ဆိုတော့ ရောင်းသူ၊ဝယ်သူ၊ဌားသူတွေ သဘောကျစေမယ့်နေရာမျိုးလေးပေါ့။
ပြဿနာက ဘာဖြစ်လဲဆိုတော့ အဲဒီတိုက်ခန်းမှာ သော့ (၄)လုံးတောင်ခပ်ထားတယ်။
သော့ခပ်ထားတယ်ဆိုတာကလည်း တစ်လုံးပေါ်တစ်လုံးဆင့်ခပ်ထားတာဗျ။
မင်းလည်းဖွင့်မရဘူး၊ငါလည်းဖွင့်မရဘူးဆိုတဲ့ပုံစံမျိုး ။
ဒါနဲ့ကျွန်တော်ကတိုက်ခန်းပိုင်ရှင် အန်တီကို
အန်တီရေ ဘယ်လိုဖြစ်တာလဲဗျ
ဒီအခန်းတွေမှာသူခိုးတွေပေါ်လို့
သော့တွေတစ်လုံးပြီးတစ်လုံးဆင့်ခပ်ထားတာလားဗျာ
ဆိုတော့မဟုတ်ရပါဘူး သားတို့ရေ
ဖြစ်စဉ်က ဒီလိုတဲ့
‘’အိမ်တိုက်ခန်းပိုင်ရှင်ကအစ်မဖြစ်ပြီး ။အစ်မမရှိခိုက်အချိန်မှာ ညီမဖြစ်သူက တိုက်ခန်းအရောင်းအဝယ်စာချုပ်ကို အတုလုပ်ပြီးလူ(၃)ဦးကိုရောင်းချခဲ့တာဖြစ်ပါတယ်။ အမဖြစ်သူပြန်လာတဲ့အချိန်မှာသူ့အိမ်တိုက်ခန်းကသော့တွေတစ်လုံးပေါ်တစ်လုံးဆင့်ပြီးသော့ပဒေသာကြီးတစ်ခုလိုဖြစ်လို့နေတာပါ။ဒီလိုနဲ့ ရှေ့နေတွေနဲ့ခေါ်ယူပြီးတွေ့ဆုံရှင်းလင်းလိုက်တဲ့အချိန်မှာ အစ်မမသိအောင် လူသုံးဦးကိုရောင်းချခဲ့တဲ့ညီမဖြစ်သူကတော့အဝေးတစ်နေရာကိုပြေးသွားပြီဖြစ်ပါတယ်။
''ဝယ်ထားတဲ့သူတွေကိုတော့ ရှေ့နေကမေးလိုက်ပါတယ်။''
ခင်ဗျားတို့ ကိုနစ်နာကြေးသဘောမျိုးနဲ့ အိမ်ရှင်ကပေးတဲ့ သိန်း ၅၀ယူမလား၊တရားရုံးမှာရှင်းမလားတဲ့။
တကယ်တော့ အမဖြစ်သူကလည်း နေရင်းထိုင်ရင်း တစ်ယောက်ကို သိန်း၅၀ပေးလိုက်ရသလို၊တိုက်ခန်းကို ၄၅၀ နဲ့ဝယ်ထားတဲ့သူသုံးဦးကလည်းနေရင်းထိုင်းရင် သိန်း ၄၀၀လောက်ဆုံးရှုံးလိုက်ရပါတယ်။
ဒါဟာလွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်ကပေါက်ဈေးနဲ့ဖြစ်ရပ်လေးတစ်ခုရယ်ပါ။
ဒီမှာကျွန်တော်တို့တွေကဘာသင်ခန်းစာရလိုက်သလဲဆိုရင် အိမ်ခန်း၊တိုက်ခန်းတွေဝယ်တော့မယ်ဆိုရင်
ပိုင်ဆိုင်မှုသေချာရဲ့လား၊
အာမခံချက်ကဘာတွေလဲ၊
တစ်ထောင်တန်တဲ့တိုက်ခန်းကို ဘယ်လောက်ပဲဗိုက်နာတဲ့ဈေးဖြစ်နေပါစေ။ပေါက်ဈေးထက်တစ်ဝက်လောက်ဈေးသက်သာနေတယ်ဆိုရင်စဉ်းစားရမှာဖြစ်ပါတယ်၊၊
ဒီအပြင် တရားဝင်မှုဖြစ်ရေးအတွက်တရားလွှတ်တော်ရှေ့နေတွေနဲ့ညှိနှိုင်းမှုတွေလုပ်ဖို့လိုအပ်ပါတယ်။
နောက်ဆုံးအဆုံးအဖြတ်တစ်ခုကတော့ “ဘာပဲဝယ်ဝယ်၊ရောင်းမှား၊ဝယ်မှား”
မဖြစ်ရလေအောင် Developer တွေမှာမေးမြန်းစုံစမ်းဖို့လိုတယ်ဆိုတာပါပဲဗျာ