ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) မြေအောက်ထပ်ပါ RC ၆ထပ် အဆင့်မြင့်ဈေးကြီး ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ ။
ဇွန်လ (၂၁)ရက်။
Myanmar Property Dealer
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) မြေအောက်ထပ်ပါ RC ၆ထပ် အဆင့်မြင့်ဈေးကြီးရဲ့ ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက် (ယမန်နေ့)ကအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ ဈေးရုံ အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို Myanmar Developer Associationကတာဝန်ယူတည်ဆောက်မှာဖြစ်ပြီးဈေးရုံ အဆင့်မြှင့်တင်ခြင်း စီမံကိန်းအား တာဝန်ပေးအပ်ခြင်းနှင့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးပွဲကိုတော့ ဇွန်လ၁၉ရက်နေ့မှာ Myanmar Developer Association ဥက္ကဌ ဦးသန်းနိုင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ အသီးသီး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) မြေအောက်ထပ်ပါ RC ၆ထပ် အဆင့်မြင့်ဈေးကြီးကို ၁၈လအတွင်းအပြီးသတ်တည်ဆောက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။