ထိုင်းနိင်ငံတွင်
နိုင်ငံခြားသားများ
မြေယာပိုင်ဆိုင်မှုကို ကန့်သတ်ထားသော အခြေအနေများဖြင့်သာ ခွင့်ပြုမည်။
မေလ
(၁၄)
Myanmar Property Dealer
အခုနောက်ပိုင်း ထိုင်းအစိုးရက မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အတော်လေး တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။ အဓိကကတော့ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းလူမျိုးနာမည်ကို အသုံးချပြီး (အမည်ခံပြီး) မြေဝယ်တာမျိုးကို ပြင်းပြင်းထန်ထန် အရေးယူတော့မှာ လည်းဖြစ်ပါတယ်။
နိုင်ငံခြားသားတွေကို အမည်ခံပြီး မြေယာဝယ်ယူပေးတာ၊ ကုမ္ပဏီနာမည်ခံပြီး မြေယာပိုင်ဆိုင်တာတွေကို အခု အထူးတင်းကြပ်စွာ စစ်ဆေးနေပါတယ်။ သံသယရှိတဲ့ အရောင်းအဝယ်တွေကို ငွေရင်းမြစ်၊ ရှယ်ယာဖွဲ့စည်းပုံကအစ အသေးစိတ် စစ်ဆေးသွားမယ်လို့ ဆိုထားပါတယ်။
တကယ်လို့ နိုင်ငံခြားသားအတွက် အမည်ခံမြေယာဝယ်ယူထားတာ စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ်၊ ငွေဒဏ်အပြင် မြေယာကို မဖြစ်မနေ ရောင်းချခိုင်းတာအထိ အရေးယူခံရနိုင်ပြီး၊ အမည်ခံပေးတဲ့ ထိုင်းနိုင်ငံသားတွေပါ ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ထိုင်းမြေယာဌာနက သတိပေးထားပါတယ်။
နိုင်ငံခြားသားတွေ အနေဖြင့် ထိုင်းနိင်ငံမှာ မြေပိုင်ခွင့် အကန့်အသတ်ရှိနေပြီးတရားဝင် အမွေဆက်ခံခွင့်ရတာမျိုး၊ ဥပဒေက သတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏအတိုင်း နေထိုင်ဖို့ ဝယ်ယူတာမျိုးနှင့်BOI လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စည်းမျဉ်းတွေအောက်မှာ ခွင့်ပြုချက် ရထားတာမျိုးပဲ ဖြစ်ရပါမယ်လို့ဆိုထားပါတယ်။
The
Nation