Home  / News  / News Details

新闻详情

ဂရန်မြေကွက်များအရောင်းအဝယ်ဖြစ်နေ

Aug 4, 2023  /

ဂရန်မြေကွက်များအရောင်းအဝယ်ဖြစ်နေ
 
ဩဂုတ် (၄)ရက် ။
Myanmar Property Dealer
 
ယခုကာလအတွင်းအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်ဖြစ်နေပြီး ပါမစ်မြေ၊စလစ်မြေများထက် ပိုင်ဆိုင်မှု ခိုင်မာတဲ့ ဂရန်မြေ(မြေပိုင်မြေအမည်ပေါက်)များ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်ထဲမှ စုံစမ်းသိရပါတယ်။
 
ဒါ့အပြင် ရန်ကုန်မြို့လယ်ခေါင် လူစည်ကားရာနေရာများတွင်မြေကွက်လွတ်များရှားပါးလာမှုကြောင့် သင်္ဃန်းကျွန်းမြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာဆိုရင်လည်း တစ်ပေပတ်လည်ကို သုံးသိန်းခွဲကျော်လောက်ထိ ပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။
 
‘’ကျွန်တော်တို့ဆီမှာအခုတလောလာဝယ်တဲ့သူတွေအများစုက ဂရန်မြေကိုပိုစိတ်ဝင်စားလာကြတယ်။အရင်ကတော့ စလစ်မြေ၊ပါမစ်မြေတွေကအလုပ်ဖြစ်တယ်လေ၊ဘာကြောင့်ဂရန်မြေကွက်အရောင်းအဝယ်ဖြစ်ရတာလဲဆိုရင်နည်းပညာတွေကအရမ်းတိုးတက်လာတဲ့အခါမှာ စလစ်အတု၊ ပါမစ်အတုတွေက အစစ်နဲ့ ခွဲလို့မရနိုင်လောက်အောင်တုပပြီး လိမ်လည်ရောင်းချနေတာတွေကိုတွေ့နေ၊ ကြားနေရတာကြောင့်လည်းဖြစ်မယ်။ တချို့ဆိုရင်မြေကွက်တစ်ကွက်ကိုပါမစ်အတုနဲ့လူငါးယောက်လောက်ကိုရောင်းစား တဲ့သူတွေ တောင်ရှိနေတယ်။’’ဟုလည်း ဒဂုံမြို့နယ်အတွင်းရှိအကျိုးဆောင်တစ်ဦးကပြောတာပါ။
 
ယခင်က ဒဂုံလေးမြို့နယ်မှာထဲမှာရှိတဲ့မြေကွက်ဈေးနှုန်းများမှာ တစ်ပေပတ်လည်ကို တစ်သိန်း နှစ်သောင်းဝန်းကျင်လောက်ရှိခဲ့ပေမဲ့ ယခုအခါမှာဆိုရင် နှစ်သိန်း ကျော်လောက်ထိကိုပြောင်းလဲလာခဲ့ပြီးနေရာအနေထားပေါ်မူတည်ပြီးတော့ တချို့နေရာမှာဆိုရင် နှစ်သိန်းခွဲဝန်းကျင်ထိတောင် ဈေးကွက်ပေါက်နေကြောင်းလည်းသိရပါတယ်။
‘’တချို့ဝယ်သူတွေကျတော့ တကယ်ကိုနေစရာမရှိလိုလို့ဝယ်ကြတာ။မြေကိစ္စကို နားမလည်ကြဘူး။ ဈေးနှုန်းလေးသင့်ရင်ဝယ်လိုက်တယ်၊တန်ဖိုးကလည်းနည်းတော့အရပ် ပွဲစားတွေဆီရောက်သွားတယ်။သူတိုတွေကလည်း ပွဲဖြစ်ရင်ပြီးရော သူတို့ကိုယ်တိုင်ကကောင်းကောင်းနားမလည်ဘူး။ကိုယ်ရောင်းပေးလိုက်တဲ့မြေကွက်က ပါမစ်အစစ်မှန်း ၊အတုမှန်းမသိဘဲပွဲတည့်ရင်ပြီးရောအတင်းရောင်းကြတာကနေ ပြသနာဖြစ်ပေါ်လာတက်ကြတာပါ။ဒါကြောင့်ပါမစ်မြေလား၊ ဂရန်မြေလားဆိုတာကို သေချာသိဖို့လိုအပ်သလို စရန်မရိုက်ခင် ရုံးမှာ သွားစစ်သင့်ပါတယ်။ ဥပဒေပညာရှင်တွေနဲ့လည်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်’’ဟုလည်း စာချုပ်ရှေ့နေတဦးကဆိုပါတယ်။
 
လက်တလော ဖြစ်ပေါ်နေတဲ့ မမှန်မကန်သောနည်းလမ်းများဖြင့် မြေအရောင်း/အ၀ယ်ဆောင်ရွက်မှု များရှိနေသလို မြေယာအသုံးပြုမှုများနှင့်ပတ်သက်ပြီးလည်း ဉပဒေနှင့်အညီ နည်းလမ်းတကျ အရေးယူဆောင်ရွက်ခြင်းများရှိနေတာကြောင့် မြေရောင်းဝယ်ပြုလုပ်သူများအနေဖြင့်ခိုင်မာတဲ့ ဂရန်မြေကွက်များကိုဝယ်ယူမှုပိုမိုများ ပြား လာတာဖြစ်တယ်လို့လည်းသိရပါတယ်။
 
#ဂရန်မြေ
#ပါမစ်မြေ
#ehousemyanmar
#tiktokmyanmar
#Condoရောင်းဝယ်ငှား