Home  / News  / News Details

新闻详情

ရန်ကုန်တိုင်းအတွင်း ပုဂ္ဂလိက ထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ရာတွင် ဌာနမှ သတ်မှတ်ကြေးများအပြင်အပိုကုန်စရိတ်များရှိနေ

Oct 26, 2024  /

ရန်ကုန်တိုင်းအတွင်း ပုဂ္ဂလိက ထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ရာတွင် ဌာနမှ သတ်မှတ်ကြေးများအပြင်အပိုကုန်စရိတ်များရှိနေ

အောက်တိုဘာ ၂၆

Myanmar Property Dealer


ရန်ကုန်တိုင်းအတွင်းရှိ လုပ်ငန်းရှင်များမှ ပုဂ္ဂလိက ထရန်စဖော်မာများ 315 KVAအထက်တပ်ဆင်အသုံးပြုရာတွင် ဌာနကိုငွေသွင်းရတဲ့သတ်မှတ်ကြေးများအပြင် အပိုကုန်ကျစရိတ်များစွာရှိနေတယ်လို့သိရပါတယ်။

ထရန်စဖော်မာလျှောက်တဲ့အခါမှာ  ထရန်စဖော်မာအမျိုးအစား (KVA) ၊ Infrastructure ကြေး၊အာမခံစ ဘော်ငွေ၊ ကြိုးဆက်သွယ်ခ၊မီးဆက်ခ၊မှတ်ပုံတင်ကြေး တွေကိုသတ်မှတ်ထားတဲ့အတိုင်း ပေးသွင်းရတယ် လို့လည်းသိရပါတယ်။

‘’ အခုနောက်ပိုင်းမှာ အိမ်ရာ၊ ကန်ထရိုက်တိုက်တွေ၊စက်မှုဇုန်၊လုပ်ငန်းရှင်တွေက ကိုယ်ပိုင် ပုဂ္ဂလိက ထရန်စဖော်မာတွေ တပ်ဆင်အသုံးပြုလာကြတယ်။အဲဒီအခါမှာ အဆင့်ဆင့်လျှောက်လွှာတင်ပြီးသတ်မှတ်ကြေး တွေပေးသွင်းရတယ်။အဲဒီထဲမှာ Infrastructure ကြေးဆိုတာပါဝင်တယ်။ဒါပေမယ့်တကယ်တမ်းမှာကြတော့ သတ်မှတ်ထားတဲ့သတ်မှတ်ကြေးတွေ အပြင် အပိုကုန်ကျစရိတ်တွေကိုကျခံပေးနေရတယ်လို့ လည်းလုပ်ငန်းရှင်တစ်ဦးကပြောပြပါတယ်။

အပိုကုန်ကျစရိတ်ဆိုတဲ့နေရာမှာ ကောင်းကင်ဓါတ်အားလိုင်းများကိုအစားထိုးလဲလှယ်နိုင်ရန်အတွက် ဌာနမှသတ်မှတ်ပေးတဲ့ Cable ကြိုးများကို ဝယ်ယူတပ်ဆင်ပေးခြင်းတို့ပါဝင်တယ်လို့လည်းသိရပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာ (၁) ရက်နေ့ကစတင်ပြီး  အိမ်သုံးလျှပ်စစ် ၁ ယူနစ်သုံးစွဲရင် ငွေ၅၀ ကျပ်နှင့်လုပ်ငန်းသုံးလျှပ်စစ်မီတာအတွက်က တစ်ယူနစ်ကို ကျပ် ၂၅၀ အထိ တိုးမြှင့်ကောက်ခံထားပြီးလည်းဖြစ်ပါတယ်။