ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းငွေကြေးဖောင်းပွခြင်းကိုထိန်းချုပ်ရန်အတွက်အိမ်၊ခြံ၊မြေပိုင်ဆိုင်မှုဥပဒေသတ်မှတ်ပြဌာန်းခြင်းဆိုသည့်အမိန့်ကြေညာစာတစ်စောင်ကို ဒီကနေ့ အောက်တိုဘာ -၂၅ ရက်နေ့ရက်စွဲဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ပြန့်နှံ့လာကြောင်းတွေ့ရှိရပါတယ်။
အဆိုပါစာထဲတွင် ‘’ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရမှ အမိန့်အမှတ် (၃၆၅/၂၀၂၂)အားထုတ်ပြန်လိုက်သည်။’’ဟုရေးသားထားပြီးလက်ရှိခြံ၊မြေ၊ကားဈေးကွက်မတည်ငြိမ်မှုနှင့်နောက်ကွယ်တွင်အခွန်မဆောင်ပဲရောင်းဝယ်သူများအားစနစ်တကျစုံစမ်းပြီးတစ်အိမ်ထောင်လျှင်ကား၊မြေတစ်ခုထက်ပို၍ ပိုင်ဆိုင်နေသူများ၏ အခွန်များအားပြန်လည်စစ်ဆေး ပြီးဝယ် ရောင်းအခွန်ပေးဆောင်ခြင်း မတွေ့ရှိရပါကလက်ဝယ်တွင်ပိုင်ဆိုင်သောကားနှင့် မြေများအားအခွန် ဘဏ္ဌာဖြင့် သိမ်းဆည်းမည်ဟုလည်းရေးသားထားပါတယ်။
ဒါ့အပြင်အိမ်ခြံမြေနှင့်ကားများကိုဈေးကစားခြင်း၊ ဈေးဆွဲတင်ခြင်း၊ ဈေးထိန်းချုပ်ခြင်း၊အခွန်ရှောင်ခြင်းများအားစုံစမ်းစစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအမိန့်အရ ပြင်းထန်းစွာ အရေးယူမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (အတွင်းရေးမှူး)ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနာမည်ဖြင့်ထွက်ရှိလာတာလည်းဖြစ်ပါတယ်။