Home  / News  / News Details

新闻详情

ဧရာဝတီတိုင်းဒေသကြီးသို့ သုံးလအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ခုနစ်သိန်းခန့် ဝင်ရောက်

Apr 21, 2026  /

ဧရာဝတီတိုင်းဒေသကြီးသို့ သုံးလအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ခုနစ်သိန်းခန့် ဝင်ရောက်
ဧပြီ (၂၁)ရက်။
Myanmar Property Dealer
ဧရာဝတီတိုင်းဒေသကြီးကို ဒီနှစ်အစ သုံးလအတွင်း ခရီးသွားဧည့်သည်တွေ တော်တော်များများ ဝင်လာခဲ့ပြီး ပြည်တွင်း၊ ပြည်ပစုစုပေါင်းဆိုရင် ခုနစ်သိန်းလောက်တောင် ရှိတယ်လို့ ဟိုတယ်နဲ့ခရီးသွားဌာနဘက်က ပြောထားပါတယ်။
‘’ဇန်နဝါရီကနေ မတ်လကုန်ထိ ဒီသုံးလအတွင်းမှာပဲ ခရီးသွားဝင်ရောက်မှုက သိသာစွာများလာတာပါ။ အထူးသဖြင့် ပုသိမ်ဘက်က မြတ်မော်တင်စွန်းဘုရားပွဲတော်အချိန်ဆို ဘုရားဖူးတွေ အရမ်းများပြီး ရင်ပြင်တော်တွေ၊ နားနေဆောင်တွေတောင် ပြည့်နေတယ်လို့ ‘’လည်းဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေကိုလည်း ခရီးသွားအများအပြားသွားရောက်လည်ပတ်ကြပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် ၂၂၀၀၀၀ ကျော်နှင့် ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေသို့ ခရီးသွားဧည့်သည် ၁၆၀၀၀၀ ကျော် ဝင်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကို ကြည့်မယ်ဆိုရင် ၂၀၂၄ ခုနှစ်မှာ ခရီးသွား ၁၉ သိန်းကျော် ဝင်လာခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာတော့ ၁၅ သိန်းကျော်ပဲ ရှိခဲ့ပါတယ်။
လက်ရှိ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟိုတယ်၊ ခရီးသွား လာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လိုင်စင်ထုတ် ပေးထားတဲ့ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၂၆ လုံး အခန်းပေါင်း ၅၄၇၅ ခန်း၊ စည်ပင်သာယာမှ လိုင်စင် ထုတ်ပေးထားတဲ့ တည်းခိုရိပ်သာ ၄၄၃ လုံး အခန်း‌ ပေါင်း ၆၈၁၃ ခန်းရှိပြီး ဧရာဝတီတိုင်းဒေသကြီး၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၅၀၆၉ လုံး အခန်း‌ပေါင်း ၁၂၀၈၈ ခန်းရှိကြောင်း သိရပါတယ်။