ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အဝင်မရှိသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းတချို့ရပ်ဆိုင်းထားရ။
ဩဂုတ်(၁၇)ရက်။
Myanmar Property Dealer
သွင်းကုန်တင်သွင်းမှု ကန့်သတ်ထားခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အဝင်မရှိတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတချို့ရပ်ဆိုင်းထားရတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်များရဲ့ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် သွင်းကုန်များထပ်မံဝင်ရောက်လာခြင်းမရှိတဲ့အပြင် ဈေးကွက်ထဲကိုရောက်ရှိပြီးသားဖြစ်တဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကလည်း ယခင်ထက် ဈေးမြင့်တက်လာတာကိုတွေ့ရှိရပါတယ်။
ဒီလို ဈေးနှုန်း ကြီးမြင့်မှုများနှင့် ပစ္စည်းပြတ်လပ်မှုများကြောင့် လုပ်ငန်းရပ်နားလိုက်ရတဲ့ ဆောက်လုပ်ရေးလုပ် ငန်းရှင်များလည်းရှိနေတယ်လို့သိရပါတယ်။
ဆောက်လုပ်ရေးသုံးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုကြောင့် လုပ်ငန်းအချို့ရပ်နားခြင်းတွေကြောင့်ဆောက်လုပ်ရေးလုပ် ငန်းရှင်များအတွက်သာမက ပြည်တွင်းရှိ အလုပ်သမားများ အလုပ်အကိုင်အခွင့် အလမ်းများကို ပါထိခိုက်စေနိုင်ပေမယ့်တစ်ဖက်တွင်လည်း အိမ်၊ ခြံ၊ မြေဈေးကွက် အရောင်းအဝယ်ကောင်းမွန်နေခြင်းကြောင့် လုပ်ငန်း များကို ဆက်လက်လုပ်ကိုင် နေကြတဲ့ဆောက်လုပ်ရေး လုပ်ငန်းရှင်များလည်းရှိနေတယ်လို့သိရပါတယ်။