Home  / News  / News Details

新闻详情

ရုရှားက ကမ္ဘာ့အကြီးဆုံး တွင်းပွင့်စိန်တွင်း

Feb 7, 2025  /

ရုရှားက ကမ္ဘာ့အကြီးဆုံး တွင်းပွင့်စိန်တွင်း

ဖေဖော်ဝါရီ ()ရက်။

Myanmar Property Dealer

 

Mir mine လို့လည်းခေါ်တွင်တဲ့ Mirny mine ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်း ဆိုက်ဘေးရီးယား ဒေသရှိ Mirny Sakha Republic မှာတည်ရှိတဲ့ တွင်းပွင့်စိန်တွင်း ဖြစ်ပါတယ်။ အဆိုပါသတ္တုတွင်းဟာ အနက်အားဖြင့် ၅၂၅ မီတာ၊ အချင်း ၁၂၀၀ ရှိပြီး ကမ္ဘာ့အကြီးဆုံး တူးဖော်ရရှိတဲ့ တွင်းများထဲမှ တစ်ခုဖြစ်ပါတယ်။

စိန်တုံးများကို ၁၉၅၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာ ဆိုဗီယက်ဘူမိဗေဒပညာရှင် ယူရီ ခါဘာဒင်၊ အီကာတာရီနာ အယ်လာဂျီနာ နဲ့ ဗစ်တာ အက်ဒင်းကို တို့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး၁၉၅၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း စိန်ရောင်းချမှုကနေ နှစ်စဉ်အမြတ်ငွေ ဒေါ်လာ သန်း ၆၀၀ ကျော်ရရှိခဲ့ပြီး Sakha စိန်ကုမ္ပဏီက မိုင်းတွင်းကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

 ဒီမိုင်းတွင်းကို ၂၀၀၁ ခုနှစ်မှာ တွင်းလုပ်ငန်းကိုရပ်ဆိုင်းခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ မြေအောက်သတ္တုတူးဖော်ရန် ပြန်လည်ခွင့်ပြုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ဖြစ်စဉ်တစ်ခုအတွင်းမိုင်းတွင်းရေမြုပ်သွားခဲ့ပြီး မိုင်းတွင်းလုပ်သား ၁၄၀ ကျော် ပိတ်မိခဲ့ကာ ရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လုပ်ငန်းများအားလုံးရပ်ဆိုင်းသွားခဲ့ရပြီး ပြန်လည်ထူထောင်ရေးအစီအစဥ်များကို လုပ်ဆောင်နေပေမယ့်လည်း  ၂၀၃၀-၂၀၃၁ ခုနှစ်အထိပြန်လည်စတင်နိုင်ဖို့မဖြစ်နိုင်သေးဘူးလို့သိရပါတယ်။