ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံပြည့်သူ့အငှားအိမ်ရာမှ အိပ်ခန်းများ ငှားရမ်းနေထိုင်ခွင့် လျှောက်ထားနိုင်ကြောင်း သိရ
ဇူလိုင်လ (၄)ရက်။
Myanmar Property Dealer
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်( ၂ )လမ်းမကြီး၊ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံအနီးမှာ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးပြီးဖြစ်တဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိအိမ်ခန်းများအားသတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းပေး သွားမှာဖြစ်တယ်လို့သိရပါတယ်။
ငှားရမ်းနေထိုင်လိုသူ ပြည်သူများ၊အငြိမ်းစား၀န်ထမ်းများအနေဖြင့် အိမ်ခန်းလျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များတွင် ၀ယ်ယူရရှိနိုင်ပြီး သတ်မှတ်ပုံစံများအတိုင်း ဖြည့်စွက်၍ မိမိတို့ဝယ်ယူခဲ့တဲ့ နေရာများတွင် သတ်မှတ်ရက်အတွင်း လျှောက်လွှာများ ပြန်လည်တင်ပြသွားရမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တာ၀န်ထမ်းဆောင်ဆဲ နိုင်ငံ့၀န်ထမ်းများအနေဖြင့် မိမိတို့ရဲ့ သက်ဆိုင်ရာဌာနများမှ စုစည်း၍ ဌာနအလိုက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးတွင် ၀ယ်ယူ၍ လျှောက်လွှာများ ပြန်လည်တင်ပြသွားရမှာဖြစ်ပါတယ်။
အိမ်ခန်းငှားရမ်းခွင့် လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို ဇူလိုင်လ (၃)ရက်နေ့မှစတင်ဝယ်ယူနိုင်မှာဖြစ်ပြီး လျှောက်လွှာများပြန်လည်တင်သွင်းရမယ့်ရက်ကိုတော့ ဇူလိုင်လ (၃၀)ရက်နေ့သတ်မှတ်ထားကြောင်းလည်းသိရပါတယ်။
အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ပထမအဆင့်အဖြစ် အဆောက်အအုံ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်းကို ဆောက်လုပ်လျက်ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) တို့မှ တာဝန်ယူဆောက်လုပ်နေတာဖြစ်ပါတယ်။
#သုခဒဂုံပြည့်သူ့အငှားအိမ်ရာ
#myanmarpropertydealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD
#yangon #property #stayinformed #tiktokmyanmar