Home  / News  / News Details

新闻详情

ရန်ကုန်မှာအနယ်နယ်အရပ်ရပ်က ပြောင်းရွေ့လာတဲ့ စစ်ရှောင်များကြောင့် အိမ်ခြံမြေဈေးမကျ

Jul 12, 2025  /

ရန်ကုန်မှာအနယ်နယ်အရပ်ရပ်က ပြောင်းရွေ့လာတဲ့ စစ်ရှောင်များကြောင့် အိမ်ခြံမြေဈေးမကျ

ဇူလိုင်လ (၁၂)ရက်။

Myanmar Property Dealer

 

ရန်ကုန်မြို့တော်မှာရှိတဲ့ အိမ်ခြံမြေတိုက်ခန်း၊ကွန်ဒိုများဈေးနှုန်းမကျရခြင်းမှာ အနယ်နယ်အရပ်ရပ် မှာရှိတဲ့ စစ်ဘေးရှောင် များက လုံခြုံစိတ်ချမှုရှိတဲ့ရန်ကုန်မြို့ကိုပြောင်းရွေ့လာခြင်းကြောင့်ဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှသိရပါတယ်။

 

‘’အိမ် ခြံ မြေ ဈေးတတ်တယ်ဆိုတာတော့ မှန်ပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မြို့က စီးပွားရေးမြို့တော်လည်းဖြစ်တယ်။ လူစည်ကားရာအရပ်လည်း ဖြစ်တဲ့အတွက် မြို့တွေအားလုံးကနေပြီးတော့မှ ရန်ကုန်မြို့မှာလာရောက်ရင်းနှီးမြှုပ်နှံ တာတွေရှိသလို၊နေဖို့အတွက် လာကြတဲ့သူတွေအမျိုးမျိုးဆို‌တော့ ရန်ကုန်မြို့ကတော့  ဈေးက သာမာန်ထက်တော့ ဈေးပိုတယ်လို့ ပြောလို့ရပါတယ်’’ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကဆိုပါတယ်။

 

ဒါပေမယ့် ပါမစ်တွေ ပိတ်ထားတာ။နောက်ပြီး မြေပုံထုတ်ခွင့်တွေပိတ်ထားတာတွေကြောင့်လက်တလောမှာတော့ အရောင်းအဝယ်တွေက အေးနေတယ်လို့လည်းသူကဆိုပါတယ်။

လက်တလောတွင် ဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် အထပ်မြင့်တိုက်ခန်းများမှာအရောင်းအဝယ်ပါး နေပြီး၊မြေကွက်၊လုံးခြင်းမြေကွက်နှင့် လုံးခြင်းအိမ်ရာစီမံကိန်းများမှာအရောင်းအဝယ်သွက်နေတယ်လို့ လည်းသိရပါတယ်။