ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို
တရုတ်ဘက်မှ စိတ်ဝင်စားမှုများရှိနေ
ဇန်နဝါရီလ
(၁၆)ရက် ။
Myanmar Property Dealer
ပြန်လည်စတင်ရန်ပြင်ဆင်နေတဲ့
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို တရုတ်ဘက်မှ
စိတ်ဝင်စားမှုများရှိ နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဆိုပါ စီမံကိန်းပြီးစီးပါက
အရှေ့တောင်အာရှတွင် အရေးပါတဲ့ဇုန်တစ်ခု ဖြစ်လာနိုင်ပြီး၊ထားဝယ် အထူးစီးပွားရေး ဇုန်တွင်
ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းဟူ၍ပါဝင်ပြီး ကနဦးစီမံကိန်းတွင် နှစ်လမ်းသွားကားလမ်း
ဖောက်လုပ်မှု ပါဝင်ကြောင်း သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်
ရပ်နားထားခဲ့ရာမှ လက်ရှိအချိန်တွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် စီမံကိန်း
ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင်နေပြီး ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးတွင်
ဧရိယာ ၁၉၆ စတုရန်းကီလိုမီတာရှိပြီး ကနဦးစီမံကိန်းတွင် ၂၇ စတုရန်းကီလိုမီတာ ပါဝင်ကြောင်း
သိရပါတယ်။
ထားဝယ် SEZ
၏ကနဦးအဆင့် (၂၇) စတုရန်းမိုင်အတွင်း မူလခန့်မှန်းချက်ဖြစ်တဲ့ကန်ဒေါ်လာ (၁)ဘီလီယံတန်
စက်မှုဇုန်၊ ဓါတ်အားပေးစက်ရုံ၊ ဆိပ်ကမ်းငယ်၊ LNG ဓာတ်ငွေ့ရည်ဆိပ်ကမ်း အပါအဝင် အခြေခံအဆောက်အအုံများ
တည်ဆောက်ရန် လျာထားခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
ထို့ပြင် ထားဝယ် အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းအတွင်း
ပါဝင်မယ့် နှစ်လမ်းသွားကားလမ်းကို မြန်မာအစိုးရက ထိုင်းနိုင်ငံရဲ့ ချေးငွေဖြင့် ထိုင်းနယ်စပ်
ထီးခီးအထိ ဖောက်လုပ်ထားကြောင်းလည်းသိရပါတယ်။