Home  / News  / News Details

新闻详情

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဗဟိုအလုပ်အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား နေပြည်တော်တွင်ကျင်းပမည်။

Aug 24, 2022  /

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဗဟိုအလုပ်အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား နေပြည်တော်တွင်ကျင်းပမည်။

Myanmar property Dealer

ဩဂုတ်-၂၃ ရက် ။

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ (၂၀၂၂-၂၄) ခုနှစ် ဒုတိယသက်တမ်းအသင်းသားစုံညီအစည်းအဝေးနှင့်ဗဟိုအလုပ်အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကိုလာမည့် ဩဂုတ်လ ၂၈ ရက်နေ့၌ နေပြည်တော် ၊ဒက္ခိဏသီရိမြို့နယ် တုံဂပူရိဟိုတယ်ခန်းမဆောင်တွင်ကျင်းပမည်ဟုသိရသည်။

အဆိုပါအသင်းကြီး၏ သက်တမ်းမှာ (၃) နှစ်တစ်ကြိမ်ဖြစ်ပြီး၊ကိုဗစ်-၁၉ကပ်ရောဂါနှင့်လက်ရှိလုံခြုံရေးအခြေနေများကြောင့် လူစုလူဝေးလုပ်ခွင့်မရသည့်အတွက် အသင်း၏ အသင်းသားစုံညီအစည်းအဝေးကို ယခုနှစ်မှ ကျင်းပရခြင်း ဖြစ်သည်ဟုလည်းသိရသည်။

မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဖွဲ့စည်းရခြင်းနှင့်ပတ်သက်ပြီး “ မြန်မာနိုင်ငံမှာအိမ်ခြံမြေနဲ့ ပတ်သက်လို့လုပ်ကိုင်နေတဲ့အကျိုးဆောင်တွေရဲ့ လုပ်ငန်းလုပ်တဲ့နေရာမှာ အရည်အသွေးပြည့်ဝမှု၊ နောက်တစ်ခုက နိုင်ငံတကာဆက်သွယ်မှု၊ဆောင်ရွက်မှု့၊ နောက်တစ်ခါဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အကျိုးဆောင်တွေအတွက်လိုအပ်တဲ့ ပြည်သူနဲ့နိုင်ငံတော်ဘက်ညီတဲ့ ဝန်ဆောင်မှုဥပဒေတစ်ခုပြဌာန်းဖို့၊အသင်းသားတွေအချင်းချင်းစည်းလုံးညီညွှတ်မှုအပြည့်နဲ့အိမ်ခြံမြေလောကဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့၊အိမ်ခြံမြေနှင့်ပတ်သက်တဲ့အသိပညာပေးသင်တန်းတွေ  နောက်တဆင့်ဒီထက်အဆင့်မြင့်ပြီးဥပဒေပေါ်လာခဲ့ရင် ဒီဂရီကောလိပ်တွေဖွင့်လှစ်နိုင်တဲ့အထိဥပဒေပြုစုဖို့ရည်ရွယ်ထားပါတယ်’’ ဟု မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဥက္ကဌဦးတင်မောင်ကဆိုသည်။

ယင်းအသင်းကြီးတွင် အိမ်ခြံမြေလောကထဲ၌ရှိသည့် အိမ်ခြံမြေအကျိုးဆောင်များလိုက်နာနိုင်ရမည့်ကျင့်ဝတ်၊ အိမ်ခြံမြေအကျိုးဆောင်များအကူညီနှင့်အိမ်ခြံမြေရောင်းဝယ်ရာတွင် မှားယွင်းမှုမရှိရအောင် ဝယ်ယူရင်းနှီးမြုတ်နှံမှု၊နိုင်ငံတကာနှင့်ဆက်ဆံသည့်အခါ၊ နိုင်ငံတကာရဲ့စံနှုန်းနှင့်အညီတစ်နိုင်ငံနှင့်တစ်နိုင်ငံအိမ်ခြံမြေအကျိုးဆောင်အချင်းချင်း ကူးလူး ဆက်ဆံဖို့ တွေလည်းပါဝင်ကြောင်းသိရသည်။

#မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း

#နိုင်ငံတကာရဲ့စံနှုန်းနှင့်အညီ

#ဒီဂရီကောလိပ်တွေဖွင့်လှစ်နိုင်တဲ့အထိဥပဒေပြုစုဖို့